Home » » မောင်တောနယ်စပ် ညမထွက်ရအမိန့် (၁၀) ကြိမ်မြောက် ဆက်လက်ထုတ်ပြန်

မောင်တောနယ်စပ် ညမထွက်ရအမိန့် (၁၀) ကြိမ်မြောက် ဆက်လက်ထုတ်ပြန်

Written By Unknown on Wednesday, December 11, 2013 | 5:49 PM

ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၁၀ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၈ ရက်က ဆက်လက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

““ဒီနှစ် ဒီဇင်ဘာ ၈ ရက်ဆိုရင် မောင်တောနယ်စပ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ တစ်နှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် အရင်တုန်းက မြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေအကြား အချိန်လွန်သွားလာနေတဲ့ကိစ္စနဲ့ အခင်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒေသအခြေအနေအရ ညမထွက်ရအမိန့် ဆက်မထုတ်လို့မဖြစ် ဖြစ်နေပါတယ်””ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခု ဆက်လက်ထုတ်ပြန်သည့် မောင်တောနယ်စပ် ညမထွက်ရအမိန့်မှာ ယခင်အတိုင်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ညမထွက်ရအမိန့်ကိုလည်း ယခင်အတိုင်း ဆက်လက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့ရာ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်တတ်သည့် မြောက်ဦးမြို့ နယ်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

7day Daily