Home » » လွှတ် တော်ကိုယ်စားလှယ်များ သာမန်အရပ်သားများထက် ဥပဒေကို ပိုပြီးလေးစားလိုက်နာရန်လိုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ ပြောကြား

လွှတ် တော်ကိုယ်စားလှယ်များ သာမန်အရပ်သားများထက် ဥပဒေကို ပိုပြီးလေးစားလိုက်နာရန်လိုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ ပြောကြား

Written By Unknown on Tuesday, November 5, 2013 | 4:30 PM

နေပြည်တော် ၊ နိုဝင်ဘာ ၄ ။        ။

လွှတ် တော်ကိုယ်စားလှယ်များသည် ဥပဒေကို လိုက်နာလေးစားသည့် နေရာတွင် တခြားသော အရပ် သားများထက် ပိုမိုပြီးလေးစား လိုက်နာရန်လိုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြား သည်။

ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး ၁၈ရက်မြောက်အစီအစဉ် တွင် ဒေါ်ခင်စောဝေ ရသေ့တောင် မဲဆန္ဒနယ်၏ ရခိုင်ပြည်နယ်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဘူးသီးတောင် မောင်တော ဒေသတွင် ဘက်စုံ ထောင့်စုံ မှ ထိ ရောက်သော ပေါင်းစပ်ညှိနှိုင်း ထားသည့် လုံခြုံရေး၊ လူဝင်မှုကြီး ကြပ်ရေး၊ အုပ်ချုပ်ရေးအစီအမံ များကို ယခင်ကထက် သာလွန် ကောင်းမွန်သည့် အစီအမံများ ဖြင့် အမြန်ဆုံးချမှတ်စတင်အ ကောင်အထည် ဖော်ဆောင် ရွက် ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ရာ ယင်းအဆိုနှင့်ပတ်သက် ပြီး နယ်စပ်ရေးရာနှင့် စည်ပင်သာ ယာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုံး မှ အဆိုနှင့်ပတ်သက်ပြီး ပြန်လည် ရှင်းလင်း ခဲ့ပြီး အဆိုအား လွှတ် တော်၌မှတ်တမ်းတင်ရန် တင်ပြ ခဲ့ရာ အဆိုတင်သွင်းသူ ဒေါ်ခင် စောဝေ၏ သဘောထားအားမေး မြန်းရာတွင်သဘောတူညီပြီး လွှတ် တော်တွင် မှတ်တမ်းတင်ရန် သ ဘောတူညီခဲ့သည်။ ယင်းသို့ အ ဆိုတင် သွင်း သူအဆိုအား ဘူးသီး တောင်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ယင်း အဆိုနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ကိုက်ညီ မှုမရှိ၍ ကန့်ကွက်ခဲ့သည်။

ယင်းကန့်ကွက်မှုအပေါ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်း ညွန့်က ''ယင်းကန့်ကွက်မှုကိစ္စများ ဟာ နည်းဥပဒေနဲ့ဆိုင်တဲ့အချက်များဖြစ်ပါတယ်။ ဒါဟာ ဥက္ကဋ္ဌ ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ ဒါအ ပြင် နည်းဥပဒေမှာလဲမပါ၊ ၁၅၉ နည်းဥပဒေနဲ့ ဆန့်ကျင် ပြီးတော့ ကန့်ကွက်ခြင်းမှတ်တမ်းတင်ရန် မပြုဖို့တင်ပြခြင်းဟာ လွှတ်တော် ရဲ့ နည်းဥပဒေကိုပါ ဆန့်ကျင်ရုံ သာမက ဥက္ကဋ္ဌရဲ့ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုကိုပါ ထိခိုက်တဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြတဲ့ဟာကို ဥက္ကဋ္ဌကြီးမှ ပယ်ချပေးပါလို့ လွှတ်တော်ရဲ့ဂုဏ် သိက္ခာအတွက် လေးလေးနက် နက်တင်ပြအပ်ပါတယ်''ဟု တင် ပြခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ''မိမိတို့လွှတ်တော်မှ ပြဋ္ဌာန်း ထားသောဥပဒေ၊ နည်းဥပဒေများ ကို သိရှိလိုက်နာရမှာဖြစ်သလို တခြားတည်ဆဲဥပဒေများကိုလဲ လွှတ်တော်မှ ကိုယ်စားလှယ်များ အနေနဲ့ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက် ဖို့လို ပါတယ်။ ဦးရွှေ မောင် ပြောဆိုကန့်ကွက်မှုက ဥပဒေ လုပ်ထုံးလုပ်နည်းတို့နဲ့မညီ ညွတ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ က ဒီလိုကြားဖြတ်တင်ပြမှုကို အ တည်မပြုကြောင်း ကြေညာပါ တယ်''ဟု ပြောသည်။ ရသေ့တောင်မဲဆန္ဒနယ် ကိုယ်စား လှယ် ဒေါ်ခင်စောဝေ ၏ အဆိုအား လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ပြောကြားခဲ့သည်။

မောင်ပိုင်
The Yangon Times