Home » » နိုင်ငံရဲ့ရေရှည်ကောင်းကျိုးအတွက်ဆိုရင် အမုန်းခံရဲရမယ်

နိုင်ငံရဲ့ရေရှည်ကောင်းကျိုးအတွက်ဆိုရင် အမုန်းခံရဲရမယ်

Written By Unknown on Tuesday, November 5, 2013 | 4:08 PM

နေပြည်တော်၊ နိုဝင်ဘာ ၎
===============================
ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊
==========================
မြန်မာဒီမိုကရေစီလမ်းကြောင်းနှင့်လျှပ်စစ်မီတာခစသည့် တို့နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်များကို ဖော်ပြလိုက် ပါသည်။

ငြိမ်းချမ်းရေး
=======
အန်တီတို့နိုင်ငံမှာ တိုင်းရင်းသားတွေများ တယ်။ အမြင်တွေကလဲများတယ်။ အားလုံး ကိုကြည့်ဖို့အချိန်ယူရမယ်။ ဒါတွေက နေ့ချင်း၊ ညချင်းဖြစ်လာမှာမဟုတ်ဘူး။ တခြားနိုင်ငံ တွေရဲ့ ငြိမ်းချမ်းရေးရတဲ့ အကြောင်းတရား တွေကိုကြည့်လိုက်မယ်ဆိုရင် ဘယ်တော့မှ နေ့ချင်း၊ညချင်းမရဘူး။ နံပါတ်တစ်က နှစ်ဖက် စလုံးငြိမ်းချမ်းလိုစိတ်ရှိရမယ်။ နှစ်ဖက်စလုံးမှာ ဆန္ဒရှိနေရင် အချိန်ယူရင်တော့ ယူရမယ်။ဒါပေမယ့်ဖြစ်မြောက်မှာပဲ။ အပစ်အခတ်ရပ်စဲ ရေးဆိုတာ ပထမခြေလှမ်းပဲရှိသေးတယ်။
ထာဝရငြိမ်းချမ်းရေးရဖို့ဆိုတာဟာ အများကြီး လုပ်ရဦးမယ်။ အပစ်အခတ်ရပ်စဲရေးက အရင် ကလဲရှိခဲ့ဖူးတယ်။ ပျက်လဲပျက်ခဲ့ဖူးတယ်။ အဲ့ဒါကိုလဲမေ့လို့ မဖြစ်ဘူးပေါ့။

ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး
==================
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက် လေ့လာသုံးသပ်ရေးကော်မရှင်ကအစီရင်ခံစာကို နောက်ဆုတ်လိုက်တာ မူအားဖြင့်တော့မကြိုက် ဘူး။ ကိုယ်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်တစ်ခုကို ပြီးအောင်လုပ်ရမယ်။အကြောင်း ပြချက်ဘယ်လောက်ခိုင်မာသလဲ။ မခိုင်မာဘူး လဲဆိုတာကိုတော့ မသိသေးဘူး။ ဒီနေ့မနက် ရောက်မှ ဒီလိုဖြစ်တာကိုသိရတယ်။ ဂဃနဏ မသိသေးခင်မှာ မှတ်ချက်မချချင်သေးဘူး။မူအား ဖြင့်ပြောရမယ်ဆိုရင် ဒီလိုကော်မတီ၊ ကော်မရှင် တွေက အလုပ်တစ်ခုစလုပ်တော့မယ်ဆိုရင် ကိုယ်သတ်မှတ်ထားချိန်မှာ ပြီးအောင်လုပ်ဖို့ အရေးကြီးတယ်။

မြန်မာ့ဒီမိုကရေစီလမ်းကြောင်း
================
ဒီဖွဲ့စည်းပုံအခြေခံဥပဒေတည်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ တကယ့်ဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်နေတယ်လို့ ဘာလို့မယူဆနိုင်ဘူးလဲ ဆိုရင်ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာပြည့်ဝတဲ့ ဒီမို ကရေစီမဖြစ်အောင်လို့ တားမြစ်ထားတဲ့အချက် တွေပါတယ်။ဒီအချက်တွေကိုမပြင်သေးရင်မြန်မာ နိုင်ငံဟာ တကယ့်ကို ပြုပြင်ပြောင်းလဲရေးလမ်း ကြောင်းကိုလျှောက်နေတယ်လို့ပြောလို့ မရဘူး။

လျှပ်စစ်မီတာခ
=========
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေပါ တယ်ဆိုပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ရင် ဘာတွေလုပ်သင့်လုပ်ထိုက်တယ် ဆိုတာကို သေသေချာချာမစဉ်းစားထားဘူးလို့ ပဲမြင်တယ်။ တကယ်ပဲ ဒီမိုကရေစီလုပ်နေ ပြီဆိုရင် ပြည်သူလူထုရဲ့အသံကို နားထောင် ရမယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလေ့လာရမယ်။ ပြည်သူလူထုရဲ့အသံအတိုင်း အမြဲလုပ်ရမယ် လို့တော့မပြောလိုဘူး။ ဆန္ဒကိုလိုက်လျောရ မယ်လို့လဲ မပြောဖူးဘူး။ နိုင်ငံရဲ့ရေရှည် ကောင်းကျိုးအတွက်ဆိုရင် အမုန်းခံရဲရမယ်။ တစ်ခါတလေ ပြည်သူလူထုရဲ့လတ်တလော လိုအပ်တဲ့ကိစ္စမှာပြည်သူလူထုတစ်စိတ်တစ်ပိုင်း လိုလားတဲ့ကိစ္စ၊ ပြည်သူလူထုအများစုက လိုလားတဲ့ကိစ္စတွေတောင်ဖြစ်နိုင်တယ်။တစ်ခါ တလေမှာ အများကတစ်ခဏမှန်တာရှိမယ်။တစ်ခါတစ်ရံမှာ လူနည်းစုက အမြဲမှန်တာ ရှိမယ်။ အားလုံးအမြဲမှန်တာတော့ မရှိတတ် ပါဘူး။ မီတာခလို ပြည်သူလူထုနဲ့ နိစ္စဓူဝ ဆက်စပ်နေတဲ့ဟာမျိုးကျတော့ ပြည်သူ့အသံ နားထောင်ရမှာပေါ့၊ လေ့လာရမှာပေါ့။ ကိုယ် လုပ်ချင်သလို ရမ်းသမ်းလုပ်လို့မရဘူး။ နောက် တစ်ခုကမီတာခကိုအကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရေရှည်အကျိုးကြောင့် အကြောင်း ခိုင်ခိုင်လုံလုံရှိလို့ပြောင်းသင့်တယ်ဆိုရင် ရှင်းပြ ရမှာပေါ့။

ဒီလိုအခြေအနေကြောင့် ဒီလိုလုပ်ရတယ် ဆိုတာကို ရေရှည်မှာတော့ဘယ်လိုပြည်သူတွေ အနစ်နာခံရလိမ့်မယ်၊သို့သော်လည်းတိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက်သည်းခံပြီးတော့ကူညီပါ၊

ဒီလောက်တော့ပြောရမယ်။ မပြောဘဲ မလုပ်ရဘူး။အန်တီတို့ကော့မှူးမှာ လမ်းဖောက် ဖို့မြေသိမ်းတော့ လယ်သမားတွေကို ချပြ တယ်။နားလည်ကြတယ်။ သူတို့ဆီက မြေမယူ ဘဲနဲ့လမ်းချဲ့လို့မရဘူး။ လမ်းချဲ့ရခြင်းရဲ့ အကျိုး တွေက ဘယ်လိုရှိသလဲဆိုတာတွေပြောရ တယ်။ဒီမြေကိုယူတဲ့အတွက် တန်ရာတန်ကြေး ပေးမယ်။ ဒီလိုညှိနှိုင်းယူရတာပဲ။ နားလည်ပြီး သဘောတူအောင်လုပ်ယူရတယ်။

The Union Daily