Home » » ပြည်ထောင်စုလွှတ်တော်နာယက ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

Written By Unknown on Saturday, November 30, 2013 | 2:17 PM

တိုကျို နိုဝင်ဘာ ၂၉

ဂျပန်နှင့်မြန်မာ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင် မည်ဆိုပါက နှစ်နိုင်ငံလုံးအကျိုးရှိ ရုံသာမကကမ္ဘာအတွက်ပါအကျိုး ရှိမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီခွဲက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံစဉ် ပြည် ထောင်စုလွှတ်တော်နာယကပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောကြားသည်။

၎င်းက ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံလွှတ်တော်များနှင့် ဂျပန် ပြည်သူများက မြန်မာနိုင်ငံ၌ ဒီမို ကရေစီနှင့်ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအပေါ်ထောက်ခံခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ပထဝီအနေအထား အချက် အချာကျမှု၊ သဘာဝသယံဇာတ ကြွယ်ဝမှု၊လုပ်သားအင်အားပြည့်စုံမှု အနေအထားများကိုဂျပန်ဝန်ကြီးချုပ် အနေဖြင့် သိရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် လိုအပ်နေသော ငွေကြေးအရင်းအနှီးနှင့်နည်းပညာ များကို ဂျပန်နိုင်ငံမှ အားဖြည့်ပေး မည်ဆိုပါက နှစ်နိုင်ငံလုံးနှင့် ကမ္ဘာ အတွက်ပါ အကျိုးရှိမည်ဖြစ်သည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်က ယခု ကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရသည့် အတွက် ဝမ်းသာပါကြောင်း၊ ၄င်း မြန်မာနိုင်ငံသို့မေလကရောက်ရှိစဉ်
မြန်မာနိုင်ငံက နွေးထွေးစွာကြိုဆိုခဲ့ ပါကြောင်း၊ ယခုဒီဇင်ဘာလကုန် ပိုင်းတွင်လည်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်လာရောက်ရန် ကြိုဆိုပါ ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ် တော် ကော်မတီဥက္ကဋ္ဌများဖြစ် ကြသော ဦးဌေးဦး၊ ဦးမောင်မောင် သိမ်း၊သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်နှင့် သံအမတ်ကြီး ဦးခင်မောင်တင်တို့ တက်ရောက် ခဲ့ကြသည်။

The Union Daily