Home » » အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြှော်နိုင်ကြတော့မည်

အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြှော်နိုင်ကြတော့မည်

Written By Unknown on Saturday, November 30, 2013 | 2:27 PM

မုံရွာ နိုဝင်ဘာ ၃၀

အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုရန် မုံရွာ-ယာကြီး-ကလေးဝ လမ်းမှ တစ်ဆင့် တရော်ကျင်း-ညောင်ကိုင်း-ကပိုင် လမ်းမှလည်းကောင်း၊ ယင်းမာပင်-ဇီးတော-ကပိုင် လမ်းမှ လည်းကောင်း သွားရောက်နိုင်ပါသည်။ ကပိုင်ကျေးရွာမှ အလောင်းတော်ကဿပသို့ ခရီးမိုင် (၂၁)မိုင် ဆက်လက်သွားရသည်။ အဆိုပါလမ်းများသည် မိုးရာသီတွင် တောင်ကျရေ များ ချောင်းရေများ တိုက်စားခြင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ပျက်စီးမှုများရှိသဖြင့် နှစ်စဉ်ပွင့်လင်း ရာသီရောက် တိုင်း မြေထိုး၊ မြေညှိခြင်း၊ လမ်းဟောင်းပြန် ဖော်ခြင်းများ ဆောင်ရွက်ပေးရပါသည်။

ယခုနှစ်တွင်လည်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် လမ်းများပျက်စီးခဲ့သည်။ '' ယခု နှစ်မှာ ကျုပ်တို့အလောင်းတော်ဂေါပ ကအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများရယ်၊ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူတွေဟာ သစ်လုပ်ငန်းမှ မြေထိုး၊စက်၊မြေညှိ စက်၊မြေညှိ စက်ကြီးများ၏ အကူအညီဖြင့် ယင်းမာပင်-ဇီးတော-ကပိုင်၊ လမ်းကြီးကို ပြုပြင်ဖောက်လုပ် ပြီးစီးပြီး ဖြစ်တယ်။ ကပိုင်ကနေ ပွင့်ကြီး (၅) မိုင် စခန်းအထိ Thru friends ကုမ်ပဏီ ကတာဝန်ယူ တာပေါ့။ (၅)မိုင်ကနေ သပိတ်ဆေးအထိ ကျုပ်တို့က ဆက်လက်တာဝန်ယူဆောင်ရွက်နေတာပါ။ မနှစ်ကထက် လမ်းတွေ ပိုပျက်စီးခဲ့ပေမယ့် ရာသီလမ်းဖွင့်ပွဲကိုတော့ မနှစ်က ကျင်းပခဲ့တဲ့ အချိန်မှာပဲ ဖွင့်ပေးနိုင်မယ်လို့ ခန့်မှန်းထားတယ် '' ဟု အလောင်းတော်ကဿပ နာယက ဆရာတော် ဦးသုမန က မိန့်ကြားခဲ့သည်။

အလားတူ တရောကျင်း-ညောင်ကိုင်း-ကပိုင် ပွင့်ကြီး (၅) မိုင်စခန်းအား တာဝန်ယူဆောင်ရွက် နေသော Thru friends ကုမဏီမှလည်း အမျိုးသားဥယျာဉ်မှ စက်ကြီးများဖြင့် လမ်းများ ပြုပြင် ဖောက်လုပ်လျှက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေဖြင့် ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား မကြာမီ ဖူးမြှော် ကြည်ညိုနိုင်ကြတော့မည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar