Home » » မောင်တောနယ်စပ် မြို့မစည်ပင်သာယာ ဈေးကြီး မီးလောင်မှုဖြစ်ပွား

မောင်တောနယ်စပ် မြို့မစည်ပင်သာယာ ဈေးကြီး မီးလောင်မှုဖြစ်ပွား

Written By Unknown on Monday, November 25, 2013 | 1:52 PM

မောင်တော ၊ နိုဝင်ဘာ ၂၄ ။ ။ နိုဝင် ဘာ ၂၃ရက် ညနေ ၇ နာရီ၁ဝမိနစ် အချိန်တွင် မောင်တောမြို့မြို့မ စည်ပင်သာယာဈေးကြီးအတွင်း ရှိ ဈေးအဆောင်အမှတ် 2B တွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မ စည်ပင် သာယာဈေးကြီးဈေးအဆောင် အမှတ် 2B ရှိဆိုင်ခန်း အမှတ် 2B 11 အလှကုန်နှင့် ဖိနပ်အ ရောင်းဆိုင်မှ စတင်လောင်ကျွမ်း ခဲ့သောမီးမှာ အနီးရှိ ဆိုင်ခန်းအ မှတ် 2B 12 ဆိုင်ခန်းသို့ပါ ကူး စက်လောင်ကျွမ်းခဲ့ရာ ဒေသခံ များ၊ မီးသတ် တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ၇ နာရီ၁၅မိနစ်အချိန် တွင် မီးညွန့်ကျိုးခဲ့ပြီး ၇ နာရီ၂၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

''အဆောင်တွေက သီးခြား ဖြစ်နေတာရယ်၊ ကွန်ကရစ်အ ဆောက်အအုံဖြစ်နေတာရယ် ကြောင့် တခြားအဆောင်တွေ ကို ကူးစက်မလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒေသအခြေအနေ မတည်ငြိမ်တဲ့အချိန်မှာ အခုလို ဖြစ်တာ ဒေသခံတွေ အရမ်း စိုးရိမ် ခဲ့ကြပါတယ်''ဟု ဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် 2B အဆောင်ရှိ ဈေးဆိုင်ခန်းများ သို့ မီးမကူးစေရန်တံခါးပိတ်များ ကိုဖြိုဖျက်ခဲ့ရကြောင်း၊ ယင်းသို့ဖြို ဖျက်ခြင်းများပြုလုပ်သော်လည်း ဆိုင်ခန်း အတွင်းရှိ ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရန် သက်ဆိုင် ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ တာ ဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင် ခန်းအမှတ် 2B 11 အရောင်းဆိုင် မှာ အဘူဘော် ကော်ဆိုင်ခန်းဖြစ် ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မောင် တောမြို့မရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၁၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၈၆အရ အမှုဖွင့်အ ရေးယူထားပြီး မီးလောင်ကျွမ်းမှု ကြောင့် ဆုံးရှုံးသွားသည့်တန်ဖိုး မှာ ၁ဝသိန်းဖိုးခန့်ရှိသည်။

ညိုသဏ်း - Yangon Media Group