Home » » ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရေး၊ ဖုန်းအလွဲသုံးစားပြုမှု အရေးယူရေး ဆန္ဒထုတ်ဖော်

ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရေး၊ ဖုန်းအလွဲသုံးစားပြုမှု အရေးယူရေး ဆန္ဒထုတ်ဖော်

Written By Unknown on Monday, November 25, 2013 | 2:03 PM

ရန်ကုန်၊ နိုဝင်ဘာ- ၂၄

လှိုင်သာယာမြို့နယ် (၁၁) ရပ် ကွက်နေ ပြည်သူ ၃၀၀ ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ပေးရေးနှင့် တန်ဖိုးနည်း ဖုန်းအလွဲသုံး စားပြုမှုများ အရေးယူပေးရေးအတွက် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် အဝေရာလမ်းနှင့် အနော်ရထာလမ်း ထောင့်မှစ၍ မြို့နယ်အားကစားကွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် " ရာဇ ၀တ်ပြစ်ဒဏ်ကျဖူးသော အုပ်ချုပ်ရေးမှူး အလိုမရှိ " ၊ " အပက ၆(၁) ပြစ်ဒဏ်ကျခံဖူး သူများ အုပ်ချုပ်ရေးမှူးမဖြစ်စေရ " ၊ " ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း အလွဲသုံးစား ပြုသူများအလိုမရှိ " ၊ " အဂတိလိုက်စား မမျှတသောရပ်မိရပ်ဖ ငါးဦးအလိုမရှိ " ဆိုင်းဘုတ်များကိုင်ဆောင်ကာ " အများ ပြည်သူ ကြည်ညိုလေးစားသော အုပ်ချုပ် ရေးမှူးပြန်ရွေးပေး " စသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

" လက်ရှိ အုပ်ချုပ်ရေးမှူးက ထောင်ကျခဲ့ဖူးတဲ့သူဖြစ်တယ်။ ဒါ့ပြင် တန်ဖိုးနည်းဖုန်း မဲနှိုက်တဲ့အခါမှာလည်း အိမ်မရှိတဲ့ မြေကွက်တွေက မဲပေါက်တာ တွေရှိတယ်။ တစ်အိမ်တည်းကပဲ မဲမကြာခဏ
ပေါက်နေတာတွေရှိတယ်။ အုပ်ချုပ် ရေးမှူးနဲ့ ဆွေမျိုးတော်တဲ့သူတွေ၊ ခင်တဲ့သူတွေဆို မဲပေါက်တယ်။ အဲဒီလို မသမာမှုတွေရှိနေလို့ ဆန္ဒထုတ်ဖော်တာ ပါ " ဟု ဆန္ဒထုတ်ဖော်သူ လှိုင်သာယာ (၁၁)ရပ်ကွက်မှ ဦးအုန်းကျော်က ပြောဆိုသည်။

တန်ဖိုးနည်းဖုန်းမဲနှိုက်ရာတွင်လည်း ရပ်ကွက်အတွင်း ထင်သာမြင်သာ ရှိစွာ
မဲနှိုက်ခြင်းမျိုးမရှိကြောင်း၊ ရပ်ကွက် ပြင်ပရှိ ဘုန်းကြီးကျောင်းတွင်သာ မဲနှိုက်၍ ရပ်ကွက်တွင်း ပြည်သူအများစုမှာ မဲနှိုက်ရာသို့ သွားရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည်။

" ကျွန်မဆိုရင် တန်ဖိုးနည်းဖုန်းမဲ ပေါက်တဲ့စာရင်းသွားကြည့်တာ ကျွန်မ အိမ်နံပါတ်နဲ့ပေါက်နေတယ်။ ဒါပေမဲ့ ပေါက်တဲ့သူနာမည်က ကျွန်မ မဟုတ်ဘဲ ဒီရပ်ကွက်မှာမနေတဲ့သူ နာမည်ဖြစ်နေတယ်။ သူတို့က မဲလိမ်ရုံတင် မကဘူး၊ သန်းခေါင်စာရင်းမှာပါ အိမ်လိပ်စာ အတုလုပ်ပြီး ပေါက်မဲအဖြစ် ဖန်တီး ထားတာတွေရှိနေတယ် " ဟု ဆန္ဒထုတ် ဖော်သူ ဒေါ်မြင့်မြင့်စိုးက ပြောဆိုသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း သည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း၊ ပထမအကြိမ် ဆန္ဒထုတ်ဖော်ပွဲတွင် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ပေးရန်သာ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း၊ နောက်ပိုင်းတွင် တန်ဖိုးနည်း ဖုန်း မသမာမှုများပေါ်လာ၍ ယခု အကြိမ်တွင် တန်ဖိုးနည်းဖုန်း အလွဲ သုံးစားမှုများ ပပျောက်ရေးအတွက်ကို ပါထည့်သွင်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

ပြည့်ပြည့်

စံတော်ချိန် နေ့စဉ်သတင်းစာ