Home » » တိုင်းရင်းသားဒေသများရှိ တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးပျံ့  နှံ့မှု အရှိန်အဟုန်မြင့်မားနေဟုဆို

တိုင်းရင်းသားဒေသများရှိ တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးပျံ့  နှံ့မှု အရှိန်အဟုန်မြင့်မားနေဟုဆို

Written By Unknown on Monday, November 25, 2013 | 1:31 PM

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ ဒေသခံ တိုင်းရင်းသားများက ဆေးကျောင်း များဟု အမည်ပြောင်းခေါ်ရ သည် အထိ တိုင်းရင်းသားဒေသ များရှိ တက္ကသိုလ် များတွင် မူးယစ် ဆေးဝါးပျံ့နှံ့မှုအရှိန်အဟုန် မြင့် မားနေကြောင်း ပအိုးဝ်အမျိုး သား အဖွဲ့ချုပ် ၏ပြောကြားမှု အရသိရသည်။

''အခု မူးယစ်ဆေးဝါးက အရင်က မီဒီယာတွေ မလွတ်လပ် လို့လူတွေသိပ်မသိတာ။ ဒါပေမဲ့ ပြည်နယ်ကလူတွေကတော့ အ ကုန်သိတယ်။ ဒီမူးယစ်ဆေးဝါး အခြေအနေ ဘယ်လောက်အထိ ဆိုးနေ တယ် ဆိုတာကိုပေါ့။ ပြည်နယ်တွေမှာရှိ တဲ့ တက္ကသိုလ်တွေ မှန်သမျှကို ပြည် နယ်ကလူတွေက ဆေးကျောင်း လို့ခေါ်တယ်''ဟု ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခွန်သိန်းဖေက ပြောသည်။

''နည်းပညာ တက္ကသိုလ်ကို လဲ ဆေးကျောင်းပဲ။ ကွန်ပျူတာ တက္ကသိုလ်ကိုလဲ ဆေးကျောင်း ပဲခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆို ရင် ဒီနေရာတွေမှာ မူးယစ်ဆေး ကို အနာဂတ်လူငယ်တက္ကသိုလ် ကျောင်းသားတွေက လွတ်လွတ် လပ်လပ် ရောင်း ပြီး လွတ်လွတ် လပ် လပ်သုံးစွဲနေလို့ပါပဲ''ဟု တောင် ကြီးမြို့အခြေစိုက် ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး က နိုဝင်ဘာ၂၂ရက်က ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။ အထက်ပါမူးယစ်ဆေးနှင့် ပတ်သက်ပြီး တိုင်းရင်း သား ဒေသ များရှိ လက်ရှိအဖြစ်အပျက်ကို ပြောကြားမှုသည် နိုဝင်ဘာ၂၂ ရက်က ရန်ကုန်မြို့တွင်ပြုလုပ် သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲကို ယင်းတို့တက်ရောက်လာ စဉ် ပြောခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် နိုင်ငံပိုင်သတင်း စာများနှင့်မီဒီယာများတွင် မူးယစ် ဆေးဖမ်းဆီးရမိမှုများကို ခပ်စိပ် စိပ်တွေ့မြင်လာရသော်လည်း ယင်း အခြေအနေများသည် တစ်နိုင်ငံ လုံးရှိ မူယစ်ဆေးထုတ်လုပ်မှု၏ ၁ဝရာခိုင်နှုန်းခန့်သာရှိနိုင်ကြောင်း ယင်းကခန့်မှန်းသည်။ ထိုအပြင် မူးယစ်ဆေးကို နှိမ်နင်းသည်ဆိုသည့် လက်တွေ့ ဆောင်ရွက်မှုများကို ဖော်ပြနေ သော်လည်း ထိုဆောင်ရွက်ချက် များက ထိရောက်သည့်ဆောင် ရွက်မှုများမဟုတ်ကြောင်း ယင်း တို့၏ တိုင်းရင်း သားဒေသ များ တွင် တွေ့မြင်ရသည့်အခြေအနေ များနှင့် ခြုံငုံပြောကြားသည်။

''ဘိန်းပင်ကို ဓားနဲ့ခုတ်တာ ကိုပြလိမ့်မယ်။ အဲဒီကျန်တဲ့ဘိန်း ပင်အငုတ်ကို မြေဩဇာကြဲလိုက် ရင် နောက်ထပ်အတက် ငါးပင် ထွက်လာတဲ့အတွက် မထိရောက် ပါဘူး''ဟု မူးယစ်ဆေးနှိမ်နင်းမှု အတွက် လုပ်ကိုင်မှုများကိုထောက် ပြလိုက် သည်။ ''ဘိန်းပင်ကိုမီးရှို့တာ ခင် ဗျား တွေ့ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီ ဘိန်းပင်က ဘိန်းစီးခြစ်ပြီးသား အပင်တွေကို ရှို့တာ''ဟု ယင်းက ဆက်လက်ပြောသည်။

ယခုအခြေအနေများသည် ထိရောက်သည့်အရေးယူမှုများ မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းများက အဓိကဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် ဘိန်း မစိုက်ပျိုးရပါက အခြားသီးနှံများ ကိုစိုက်ပျိုးနိုင်ကြောင်း၊ လွယ်လွယ် နှင့် စိုက်ပျိုး ခွင့်ရ နေခြင်း များက နိုင်ငံအနှံ့ ဘိန်းခင်းများကိုတိုး ပွားစေရခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ဦးခွန်သိန်းဖေက ထောက်ပြပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မွန်ဒေသများမှလွဲပြီး ကျန်နေရာ များတွင် ဘိန်းစိုက်ပျိုးနေကြောင်း ယင်းက ပြောသည်။ ''မွန်နဲ့ကရင်တောင် ဘိန်း စိုက်တယ်၊ မစိုက်ဘူးက မသေချာ ဘူး''ဟု ယင်းက ထပ်မံပြောသည်။ လက်ရှိ တွင် ကုလသမဂ်ဂ ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ သည် ကမ္ဘာ့တွင်ဘိန်းထုတ်လုပ် မှုဒုတိယအများဆုံးနိုင်ငံအဖြစ် တည်ရှိနေကြောင်း သိရသည်။

ကျော်ဇေယျ - Yangon Media Group