Home » » သတင်းရေးသားသည့် သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀ိုင်းရိုက်

သတင်းရေးသားသည့် သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀ိုင်းရိုက်

Written By Unknown on Tuesday, November 5, 2013 | 8:22 PM

ရန်ကုန်နိုဝင်ဘာ၅

မှော်ဘီမြို့တွင်နေထိုင်သူThe Voice သတင်းထောက် သတင်းရေးသားမှုအပေါ် ၎င်းရပ်ကွက်ရှိ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများ စုဝေးပြီး ရိုက်နှက်မှုပြုလုပ်ခံ ခဲ့ရကြောင်း The Voiceဂျာနယ်က အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူး ဦးအောင်စိုးက ပြောကြားသည်။

အဆိုပါ သတင်းထောက် နေထိုင်သော ရပ်ကွက်အတွင်းရှိ နိုဝင်ဘာ ၄ရက်နေ့ နေလည်တွင် ဆယ်အိမ်မှူးနှင့် အပေါင်းပါ၃ဦးက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းသတင်းထောက်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လူတစ်ဦးကို မေးရိုးပြုတ်သည့်အထိ ၀ိုင်းရိုက်မှုနှင့်ပတ်သသော သတင်းကို ရေးသားခဲ့မှုကြောင့် ယခုကဲ့သို့ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

“ဥပဒေကြောင်းအရ ဖြေရှင်းမှာပါ ၊ဒါတွေကို ကျေးအေးပေးမှာ မဟုတ်ဘူး”ဟု The Voice အယ်ဒီတာအဖွဲ့ ၏ အတွင်းရေးမှူးက ဦးအောင်စိုးက ဆိုသည်။

ယင်း သတင်းရေးသားမှုကြောင့် ရိုက်ခံရသူ The Voiceသတင်းစာတိုက်မှ အငယ်တန်းသတင်းထောက် ကိုခိုင်စိုးလင်းသည် ထိခိုက်ဒဏ်ရာများစွာရပြီး နာကျင်မှုဖြင့် မှော်ဘီမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

“၃ယောက်၁ယောက်ဆိုတော့ ဘယ်သူ့ဘက်ကလွန်လဲဆိုတာ သိသာနေတာပဲ”ဟု အရိုက်ခံရသူ ကိုခိုင်စိုးလင်းက ပြောသည်။

ရေးသားသူ-မောင်မျိုး
တည်းဖြတ်သူ-နီတိုး

People power