Home » » ရန်ကုန်တိုင်းလွှတ်တော်တွင် ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲ့ရန် အဆိုထည့်သွင်းဆွေးနွေးမည်

ရန်ကုန်တိုင်းလွှတ်တော်တွင် ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲ့ရန် အဆိုထည့်သွင်းဆွေးနွေးမည်

Written By Unknown on Tuesday, November 5, 2013 | 8:25 PM

ရန်ကုန်၊ နိုဝင်ဘာ၅။

ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၅ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်ပထမအကြိမ် အထူးအစည်းအဝေး၌ အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲရန်အဆိုကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။

“အမျိုးသား ထောက်လှမ်းရေးအဖွဲ့တွေ မရှိတော့လို့ တိုင်းပြည်မှာအဖျက်သမားတွေရဲ့ ကြံစည်မှုတွေကို သတင်းမရတာတွေရှိပါတယ်” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် ၂ ကတိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။

အဆိုပါ အဆိုကို သင်္ဃန်းကျွန်း မဲ ဆန္ဒနယ်အမှတ် (၁)မှ ကိုယ်စားလှယ် ဦးကျော်တင်သွင်းက တင်သွင်း ဆွေးနွေးမည်ဖြစ်သည်။

ယနေ့ ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုကို မလိုလား၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့ကြီးများတွင် ပြင်းထန်စွာရှုံ့ချခဲ့သော အဆို၊ အမျိုးသမီးသီးသန့် ကားလိုင်းများကိုမနက်ရုံးတက်ချိန်တွင် ၅ စီး၊ညနေရုံး ဆင်းချိန်တွင် ၅ စီးတင်သွင်းပြေးဆွဲရန် အဆိုနှင့် အမျိုးသားထောက်လှမ်းရေးကဲ့သို့သော ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ကို ပြန်လည်ဖွဲ့စည်းရန်အဆို သုံးခုကို ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်း အဆိုသုံးခုကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ကိုယ်စားလှယ်ဒေါက်တာ ဒေါ်ညိုညိုသင်းတို့လည်း တင်သွင်းဆွေးနွေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမအကြိမ် အထူးအစည်းအဝေး ပထမနေ့တွင် အဆို ၄ ခုတင်သွင်းရာ ကမာရွတ်မဲဆန္ဒနယ် အမှတ်၂ မှ ကိုယ်စားလှယ် ဦးမြငွေ၏တန်ဖိုးမျှ အိမ်ရာများအား အစိုးရ၀န်ထမ်းများအား အရစ်ကျရောင်းချပေးရန် အဆိုကိုမေးခွန်းအဖြစ် ပြောင်းလဲခဲ့သဖြင့် ကျန်အဆို ၃ခုကို ယနေ့တွင်ဆွေးနွေးကြမည် ဖြစ်သည်။

သတင်းရေးသားသူ- ညဏ်လင်းထက်
တည်းဖြတ်- နီတိုး

People power