Home » » သိမ်းဆည်းခံဥယျာဉ်ခြံမြေများ မူလပိုင်ရှင်တို့ ပြန်လည်လုပ်ကိုင်လိုဟုဆို

သိမ်းဆည်းခံဥယျာဉ်ခြံမြေများ မူလပိုင်ရှင်တို့ ပြန်လည်လုပ်ကိုင်လိုဟုဆို

Written By Unknown on Friday, November 15, 2013 | 1:16 PM

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်းရွာသစ်ရှိ ဥယျာဉ်ခြံ လယ်ယာမြေများ ကို မူလပိုင်ရှင်များက ပြန်လည်လုပ်ကိုင်လိုကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ယနေ့ ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ၌ ၄င်းနယ်ခံများ ကပြောသည်။

ယင်းဥယျာဉ်ခြံ လယ်ယာမြေများကို ဘိုး ဘွားစဉ်ဆက်က လုပ်ကိုင်လာခဲ့ကြရာ ၂ဝဝ၁- ၂ဝဝ၂ ခုနှစ်တွင် အမှတ်(၃၁၇)အမတ တပ်ရင်း မှ တောင်သူလယ်သမား ၇ဝ တို့၏ ဥယျာဉ်ခြံ လယ်ယာမြေစုစုပေါင်း ၆ဝဝကျော်ခန့်ကို တပ်ပိုင် မြေအဖြစ် သိမ်းယူခဲ့ပြီး သိမ်းယူခဲ့စဉ်က အကျိုး အကြောင်းတစ်စုံတစ်ရာ အသိမပေးခဲ့ဘဲ လျော် ကြေးအဖြစ် လယ်တစ်ဧကလျှင် မြန်မာငွေ ကျပ် ၂ဝ မျှသာလျော်ကြေးပေး၍ လက်မှတ်ရေးထိုး ခိုင်းခဲ့သည်ဟု ဥယျာဉ်ခြံအသိမ်းခံခဲ့ရသူ ဦးပန်း ချိန်က ပြောသည်။

အဆိုပါအသိမ်းဆည်းခံရသော ဥယျာဉ်ခြံ လယ်မြေများတွင် ရော်ဘာခြံများ၊ ကွမ်းသီးခြံ များ၊ အုန်းပင်များနှင့် လယ်မြေများပါဝင်ပြီး တပ်ရင်းမှ ရော်ဘာပင်တစ်ပင်လျှင် ကျပ် ၁၅ဝဝ နှင့် ကျပ် ၁၂ဝဝတို့ဖြင့် သီးစားပြန်လည် လုပ် ကိုင်စေခဲ့ကြောင်း ယင်းအသိမ်းဆည်းခံ ဥယျာဉ် ခြံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် ပြည်ထောင်စုလွှတ် တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်သို့ ပြန် လည်စိစစ်ပေးပါရန် အသနားခံစာတင်ပြထား ကြောင်း လမိုင်းရွာနေ ဦးဖေအောင်ထံမှသိရ သည်။

အသိမ်းခံရသော ဥယျာဉ်ခြံလယ်မြေများ နှင့်ပတ်သက်၍ ၂ဝ၁၃ ခုနှစ် ဇွန် ၁၃ရက်တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်၏ လမ်းညွှန်မှုဖြင့် ကော်မရှင် အဖွဲ့ အဖွဲ့ခွဲ(၉)မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဌေးဝင်းဦးဆောင်သောအဖွဲ့ လာရောက်စစ်ဆေး ခဲ့သော်လည်း ယခုအချိန်အထိ ထူးခြားမှု မရှိ ကြောင်း ၄င်းတို့ကပြောသည်။

The Union Daily