Home » » လျှပ်စစ်ကဏ္ဍတွင်ပြည်ပရင်းနှီးမြှုပ်နှံမှုမလာနိုင်ဟုဆို

လျှပ်စစ်ကဏ္ဍတွင်ပြည်ပရင်းနှီးမြှုပ်နှံမှုမလာနိုင်ဟုဆို

Written By Unknown on Friday, November 15, 2013 | 1:18 PM

ပြည်ပနိုင်ငံများမှ မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးလုပ်ကိုင်လိုသော်လည်း မြန်မာနိုင်ငံမှ ပေးနိုင်သော ဓာတ်အားခမှာ ထုတ်လုပ်မှုကုန်ကျစရိတ် ထက်လျော့နည်းနေသောကြောင့် ရင်းနှီးမြှုပ်နှံရေး နှစ်ဖက်ညှိနှိုင်းရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကပြောကြားသည်။

လာမည့်နွေရာသီတွင် ပြည်သူများကို ၂၄ နာရီ မီးပေးနိုင်ရေးအတွက် မဂ္ဂါဝပ် ၁၇ဝခန့် ထပ်မံရရှိရန်လိုအပ်သဖြင့် နိုင်ငံတော်သို့တင်ပြ၍ တရုတ်ပြည်သို့ပို့လွှတ်နေသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ကိုဆွဲယူ၍ မဂ္ဂါဝပ် ၁ဝဝ ရရှိရန်အတွက် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

''နော်ဝေ၊ သြစတြေးလျ၊ ကနေဒါတို့က လျှပ်စစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာကမ်းလှမ်းပေးမယ့် ဝယ်နိုင်တဲ့ ဓာတ်အားခနှုန်းထားညှိတဲ့အခါ ကျွန်တော်တို့ပေးနိုင်တဲ့အပေါ်မှာပဲ ဆောင်ရွက် ရတော့ တကယ်ခက်ခဲ ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမရှိလို့ ၂၄ နာရီမီးမပေးဘူးဆိုပြီး မရပါဘူး။ ဒါကြောင့် နှစ်ရှည်စီမံကိန်းတွေဖြစ်တဲ့ အထက်ပေါင်းလောင်း၊ ဘီလူးချောင်း(၃)၊ နန်ချိုစတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို အလျင်အမြန်ဆောင်ရွက်နေ ရပါတယ်''ဟု ၄င်းကပြောသည်။

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ်၂၃၇ဝဖြစ်ပြီး ၂ဝ၁၅ခုနှစ် တွင် မဂ္ဂါဝပ် ၃ဝဝဝ အထက်ဖြစ်လာနိုင်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် လျှပ်စစ်မီး ကိစ္စအား ပြင်ဆင်ထားခြင်း မရှိပါက နောင်အစိုးရအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်းသိရသည်။

The Union Daily