Home » » ဟ​င်္သာ​တ​မြို့​နယ် ​သာ​စည်​အုပ်​စု​ရှိ ​တောင်​သူ ၁၀၀ ​လောက် ​ဆ​န္ဒ​ပြ

ဟ​င်္သာ​တ​မြို့​နယ် ​သာ​စည်​အုပ်​စု​ရှိ ​တောင်​သူ ၁၀၀ ​လောက် ​ဆ​န္ဒ​ပြ

Written By Unknown on Monday, November 25, 2013 | 3:11 PM

ဧ​ရာဝ​တီ​တိုင်း​ဒေ​သ​ကြီး ​ဟ​င်္သာ​တ​မြို့​နယ်​တွင်း​က  ​တောင်​သူ​လယ်​သ​မား​တွေ​ဟာ ​လယ်​ယာ​မြေ​တွေ ​ရေ​နစ်​မြုပ်​ခဲ့​ရ​မှု​အ​တွက် ​ဖြေ​ရှင်း​ဆောင်​ရွက်​ပေး​ဖို့ ​နိုဝင်​ဘာ​လ ၂၅ ​ရက်​နေ့​က ​ဟ​င်္သာ​တ​မြို့​တွင်း ​လှည့်​လည် ​ဆ​န္ဒ​ထုတ်​ဖော်​ခဲ့​ကြ​ပါ​တယ်။

ဟ​င်္သာ​တ​မြို့​နယ် ​သာ​စည်၊ ​ကျောင်း​ကွင်း​နဲ့ ​သုံး​ခွ​ကျေး​ရွာ​အုပ်​စု​က ​တောင်​သူ​လယ်​သ​မား​တွေ​ဟာ ​အင်း​သူ​ကြီး​တွေ​ရဲ့​  ​ငါး​ဖမ်း​လုပ်​ကိုင်​မှု​ကြောင့်​  ​နှစ်​စ​ဉ် ​သူ​တို့​ရဲ့ ​လယ်​ယာ​မြေ​တွေ ​ရေ​နစ်​မြုပ်​တဲ့​အ​တွက် ​ရေ​စီး​ရေ​လာ ​ကောင်း​မွန်​ရေး ​ဆောင်​ရွက်​ပေး​ဖို့​နဲ့​  ​ဒီ​အင်း​သူ​ကြီး​တွေ​ကို ​အ​ရေး​ယူ​ပေး​ဖို့ ​တောင်း​ဆို  ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

ဆ​န္ဒ​ထုတ်​ဖော်​ရ​တာ​နဲ့ ​ပတ်​သက်​ပြီး​  ​သာ​စည်​ကျေး​ရွာ​အုပ်​စု ​သ​ဘာဝ​ကျေး​ရွာ​က ​တောင်​သူ ​ဦး​မျိုး​မြင့်​က ​အ​ခု​လို ​ပြော​ပါ​တယ်။
“​လယ်​ယာ​မြေ​တွေ ​ရေ​ကြီး ​နစ်​မြှုပ်​နေ​တဲ့ ​အ​တွက်​ကြောင့် ​ဆ​န္ဒ​ပြ​ရ​ခြင်း​ဖြစ်​ပါ​တယ်။ ​ကျ​နော်​တို့ ​သာ​စည်​ပိုင် ​သ​ဘာဝ​ကျေး​ရွာ​က ​အ​ဓိ​က ​ဖြစ်​နေ​ပါ​တယ်​ခင်​ဗျာ။ ​နှစ်​စ​ဉ် ​နှစ်​တိုင်း ​မိုး​ရွာ​တာ​နဲ့ ​ရေ​စ​နစ်​တာ​ပါ​ပဲ​ခင်​ဗျာ။ ​မိ​ဘ​ဘိုး​ဘွား​လက်​ထက်​က​တည်း​က ​နစ်​မြှုပ်​လာ​တာ​ကို ​မိ​ဘ​ဘိုး​ဘွား​တွေ​လက်​ထက်​က ​ထင်​သာ​မြင်​သာ ​ရှိ​တဲ့​အ​ချိန်​မ​ဟုတ်​တဲ့​အ​တွက် ​လာ​ရောက်​ကြည့်​ရှု​ခြင်း​လည်း ​မ​ရှိ​ဘူး​။ ​ကျ​နော်​တို့​က ​နှစ်​တိုင်း ​ရေ​နစ်​တဲ့ ​လယ်​မြေ​စာ​ရင်း​ကို ​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး ​တင်​ရ​တယ်။  ​ရေ​နစ်​တဲ့ ​လယ်​မြေ​စာ​ရင်း​တင်​တဲ့​အ​ခါ​မှာ​လည်း ​အုပ်​ချုပ်​ရေး​မှူး​တွေ​က ​သူ​တို့​ဆီ ​စာ​မ​ရောက်​ဘူး​လို့ ​ပြော​ဆို​တယ်။ ​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး​အ​ဆက်​ဆက်​က​လည်း ​အင်း​လုပ်​ကိုင်​တဲ့ ​အင်း​သူ​ကြီး​တွေ​ဖြစ်​နေ​တဲ့ ​အ​တွက်​ကြောင့် ​ဖြစ်​တယ်။”

ဒီ​နေ့ ​ဆ​န္ဒ​ထုတ်​ဖော်​ရာ​မှာ ​အ​ဓိ​က ​အ​ချက် ၆ ​ချက်​ကို ​တောင်း​ဆို​ခဲ့​တယ်​လို့ ​တောင်​သူ ​လယ်​သ​မား​အ​ရေး ​ကူ​ညီ​ဆောင်​ရွက်​ပေး​တဲ့ ​လူ့​အ​ခွင့်​အ​ရေး ​ကာ​ကွယ်​မြင့်​သူ​များ​အ​ဖွဲ့​က ​ဦး​ကျော်​သက်​ဦး ​က ​အ​လို ​ပြော​ပါ​တယ်။

“​အ​ဓိ​က ​တောင်း​ဆို​ချက် ၆ ​ချက်​ရှိ​တယ်။ ​ဟ​င်္သာ​တ​မြို့​နယ် ​လယ်​ယာ​မြေ ​ရေ​နစ်​မြုပ်​ခံ​ခဲ့​ရ​သော ​လယ်​သ​မား​များ​၏ ​နှစ်​နာ​ဆုံး​ရှုံး​မှု​များ​အား ​အ​မြန်​ဆုံး ​လို​အပ်​သ​လို ​ဖြည့်​ဆည်း​ဆောင်​ရွက်​ပေး​ရန်၊ ​ခ​နွယ်​ကြီး ​စ္ပ​တ္တ​ရာ​ဆည်​ချက်​အား ​ရာ​သက်​ပန်​ဖျက်​သိမ်း​ပေး​ရန်၊ ​အင်း​စည်း​ကမ်း​ချိုး​ဖောက်​လုပ်​ကိုင်​သူ ​အင်း​သား​ကြီး ​ဦး​ငွေ​သိန်း (​အုပ်​ချုပ်​ရေး​မှူး​)​အား ​အ​ရေး​ယူ​ပေး​ရန်၊ ​ရေ​စီး​ရေ​လာ ​ကောင်း​မွန်​ရန်​အ​တွက် ​ရေ​နှုတ်​မြောင်း​များ​ကို ​လို​အပ်​သ​လို ​တူး​ဖော်​ပေး​ရေး​၊ ​အ​ချိန်​နှင့်​တ​ပြေး​ညီ ​ကွင်း​ဆင်​လုပ်​ကိုင်​ခြင်း​မ​ရှိ​သော ​ဌာ​န​ဆိုင်​ရာ​များ​အား ​အ​ရေး​ယူ​ပေး​ရေး​၊ ​အ​မှန်​တ​ကယ် ​ရေ​နစ်​မြှုပ်​ခံ ​တောင်​သူ​များ​အား ​စိုက်​ပျိုး​စ​ရိတ်​ချေး​ငွေ ​အ​ချိန် ​အ​တိုင်း​အ​တာ​တ​ခု​အ​ထိ ​ကန့်​သတ်​ဆိုင်း​ငံ့​ပေး​ရေး​ပေါ့​။”

ဆ​န္ဒ​ပြ ​လယ်​သ​မား​တွေ​ဟာ ​တောင်း​ဆို​ချက်​တွေ​ကို ​ရေး​သား​ထား​တဲ့ ​ပို​စ​တာ ​ဆိုင်း​ဘုတ်​တွေ ​ကိုင်​ဆောင်​ပြီး ​ဟ​င်္သာ​တ​မြို့​ပေါ် ​လှည့်​လည်​ကာ ​မြို့​နယ်​အုပ်​ချုပ်​ရေး​ရုံး​ကို ​သွား​ရောက် ​ဆ​န္ဒ​ပြ ​တောင်း​ဆို​ခဲ့​ကြ​တာ​လည်း ​ဖြစ်​ပါ​တယ်။

ဒေ​သ​ခံ​တွေ​ဟာ ​အာ​ဏာ​ပိုင်​တွေ​ရဲ့ ​ခွင့်​ပြု​ချက်​နဲ့ ​ဆ​န္ဒ​ပြ​တာ ​ဖြစ်​ပြီး ​မြို့​နယ်​အုပ်​ချုပ်​ရေး ​တာဝန်​ရှိ​သူ​တွေ​က​တော့ ​လယ်​သ​မား​တွေ​ရဲ့ ​တောင်း​ဆို​ချက်​တွေ​ကို  ​တုန့်​ပြန် ​ဆောင်​ရွက်​ပေး​ခြင်း ​မ​ရှိ​သေး​ဘူး​လို့ ​သိ​ရ​ပါ​တယ်။

ဆ​န္ဒ​ပြ​ပွဲ​မှာ  ​ရေ​ကြီး​မှု​ဒဏ်​ခံ​ရ​တဲ့ ​ကျေး​ရွာ​အုပ်​စု ၃ ​စု​က  ​ရွာ​ပေါင်း ၇ ​ရွာ​က ​တောင်​သူ ​လယ်​သ​မား​  ၁၀၀ ​ကျော် ​ပူး​ပေါင်း​  ​ပါဝင်​ခဲ့​ကြ​တာ​လည်း ​ဖြစ်​ပါ​တယ်။

By ဒီဗွီဘီ