အရှည် ၂၁ မိုင်၊ အကျယ် ၁၂ မိုင်ရှိတဲ့ ရေခဲပြင်ကြီးဟာ အန္တာတိကတိုက် ပိုင်းအိုင်လန် ပင်လယ်ကွေ့ကနေ ကွဲထွက်လာတဲ့ပုံတွေကို အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (နာဆာ)က နိုဝင်ဘာလ ၂၄ ရက်နေ့က ပြသခဲ့တယ်။
ice 2ရေခဲပြင်ကြီး မကွဲထွက်ခင်ကပုံတွေနဲ့ ကွဲထွက်လာပြီး အာကာသဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။
ဒီအက်ကွဲမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက နာဆာရဲ့ “အော်ပရေးရှင်း အိုင့်စ်ဘရစ်ခ်ျ” အဖွဲ့က သတိထားမိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ဇူလိုင်လပုံတွေမှာတော့ ရေခဲပြင်ကြီးဟာ သိသိသာသာ ကွဲထွက်လာခဲ့ပါတယ်။
အခုအချိန်မှာ ဘီ-၃၁ လို့ခေါ်တဲ့ ရေခဲပြင်ကြီးဟာ ကုန်းမြေကနေ သပ်သပ်ကွဲထွက်လာပြီး ရွှေ့လျားနေပါတယ်။
သိပံ္ပပညာရှင်တစုဟာ စတုရန်းကီလိုမီတာ ၇၀၀ ရှိတဲ့ ဒီရေခဲပြင်ကြီး ဘယ်အရပ် မျက်နှာဘက်ကို ရွေ့လျားမယ်ဆိုတာ ဂြိုလ်တုက ပေးတဲ့အချက်အလက်အတွေနဲ့ လိုက်လံ တွက်ချက်နေကြပါတယ်။
By ဒီဗွီဘီ
Home »
News
» စင်ကာပူနိုင်ငံ တနိုင်ငံစာရှိတဲ့ ရေခဲပြင်ကြီး အန္တာတိကတိုက်မှ ကွဲထွက်လာ