Home » » ဖွဲ့စည်းပုံခံတပ် သော့ခလောက်များနှင့် ပြည်သူ့ထွက်ပေါက် ဘယ်ခရီးရောက်မည်နည်း – လင်းထိုက် (Y.I.T)

ဖွဲ့စည်းပုံခံတပ် သော့ခလောက်များနှင့် ပြည်သူ့ထွက်ပေါက် ဘယ်ခရီးရောက်မည်နည်း – လင်းထိုက် (Y.I.T)

Written By Unknown on Saturday, October 12, 2013 | 8:21 PM

    တပ်မတော် အတွက် ခံတပ် အထပ်ထပ် ခံကာ၁၄ နှစ်ကြာ စနစ်တကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံ ဥပဒေကြီးအား အထိပါးခံမည် လား ဆိုသည်မှာ တပ်မတော်၏ လက်ရှိ အခင်းအကျင်း ပေါ်၌ ပြုပြင် ပြောင်းလဲ ပြင်နိုင်စွမ်းပေါ်တွင် မူတည်နေရာ ဖွဲ့စည်းပုံ အသစ် ရေး ဆွဲရေး လွှတ်တော်တွင်အဆိုတင်လျှင် ၂၀ ရာခိုင်နှုန်း ထောက်ခံမှုရရန်ပင် ခဲယဉ်းမည်ဖြစ် . . .

 ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည် နိုင်ငံတစ် နိုင်ငံ၏ ရေရှည် အနာဂတ်ကို အဆုံး အဖြတ် ပေးသည့် နိုင်ငံ၏ အသက် သွေးကြောပင် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် နိုင်ငံသား တစ်ဦးစီ၏ ကံကြမ္မာကို တုပ်နှောင် ထား၍ ရသကဲ့သို့ နိုင်ငံသား တစ်ဦးစီ၏ အနာဂတ် ကံကြမ္မာ လင်းပွင့်မှု တံခါး တစ်ချပ်ကိုလည်း ဖန်တီး ပေးနိုင်သည်။ ဤတွင် ယခင် အာဏာပိုင် များက ၁၉၉၃ မှ ၂၀၀၈ ခုနှစ်အထိ ၁၄ နှစ်တိုင်တိုင် စနစ် တကျစီမံ ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ယခင် အာဏာပိုင်များက မိမိတို့၏ ခံတပ်သဖွယ် စနစ်တကျ တည်ဆောက် ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေလော၊ ပြည်သူ့ အကျိုးရည် မျှော်ရေးဆွဲထား သော အာဏာရှင် စနစ်မှ ရုန်းထွက်ရန် ပြည်သူတို့ အတွက် ထွက်ပေါက် ပေးထားသော ဖွဲ့စည်းပုံလော ဟူသည်ကို သေချာ လေ့လာ ဆန်းစစ် ကြည့်ဖို့ရန် လိုပါလိမ့်မည်။

၂၀၁၃ စက်တင်ဘာ ၂၈ ရက်၌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနှင့် တွေ့ဆုံစဉ် ““တပ်မတော် တစ်ရပ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား တာဝန်စောင့်သိ ကာကွယ်ရမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ၏ ဦးဆောင် မှုအောက်တွင် အမြဲတမ်း ရှိနေပါကြောင်း”” ပြောကြားခဲ့သည်။

၂၀၀၈ အခြေခံ ဥပဒေ အခန်း (၇) ပုဒ်မ ၃၄၂တွင်လည်း နိုင်ငံတော် သမ္မတသည် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ခန့်အပ် တာဝန်ပေး ရမည်ဟု ပါရှိရာ သမ္မတ၏ သြဇာသည် အခြေခံ ဥပဒေ ဤပုဒ်မအရ ကာ/ ချုပ် အပေါ်တွင် လွှမ်းမိုးသည်ဟု ဆိုနိုင်သည်။ ဤတွင် ဖွဲ့စည်းပုံပါ ပုဒ်မ အချင်းချင်း ပဋိပက္ခ ဖြစ်နေ ပုံအား အကျဉ်း တင်ပြ လိုရင်း ဖြစ်ပါသည်။ လက်ရှိ တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှု အောက်တွင် ရှိနေ ဆဲဟု ယူဆ ရသည်။ …

သို့သော် ၂၀၁၅ အလွန် အခင်းအကျင်း အားလှမ်း မျှော်ကြည့်လျှင်မူ ၂၀၀၈ ဖွဲ့ စည်းပုံသည် သမ္မတထက် ကာ/ ချုပ်၏ အခန်းကဏ္ဍ (တပ်မတော်၏ အခန်းကဏ္ဍ) အား ပိုမိုမြှင့်တင် ပုံဖော် ထားသည်ကို တွေ့ရသည်။ အောက်ပါ ပုဒ်မများကို လေ့လာ ကြည့်လျှင် ထင်ရှားစွာ မြင်နိုင်သည်။

အုပ်ချုပ်ရေးပိုင်း

- အခန်း(၁) အခြေခံမူ (၆) (စ) ( အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်ရေး)

- ပုဒ်မ (၂၃၂) (ခ) (၂) – (ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးတို့ကို ကာ/ချုပ်က ခန့်အပ်)

(၃) (သမ္မတက တပ်မတော် သားထဲမှ အရပ်သား ၀န်ကြီးခန့် လိုလျှင် ကာ/ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်)

- ပုဒ်မ (၂၀) (ဂ) – (ကာ/ချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီး အကဲဖြစ်သည်။)

(ဤတွင် ကာချုပ်သည် တပ်မတော် သားများသာမက ပြည်သူ့ရဲများ၏ အကြီး အကဲပါ ဖြစ်နေသည်) စကားချပ်။

(စ) – (ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန်)

- ပုဒ်မ (၆၀) (ခ) (၃) – (ကာ/ချုပ် က ဒု/သမ္မတ(သမ္မတ လောင်း)တစ်ဦးအား သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့သို့ အမည်စာရင်း တင်သွင်းခွင့်ရှိသည်။)

- အခန်း(၁) ပုဒ်မ (၁၄)၊ အခန်း (၄) ပုဒ်မ (၇၄)၊ (၁၀၉) (၁၄၁) (၁၆၁)

(ဤတွင် ကာ/ချုပ် တင်သွင်းသော ဒု/ သမ္မတ (သမ္မတ လောင်း) သာ သမ္မတ အဖြစ် အရွေးခံရလျှင် ဖြစ်လာမည့် သမ္မတသည် ကာ/ချုပ် တင်သွင်းသော သူဖြစ်သည့် အတွက် ထိုသမ္မတ သက်တမ်းတွင် ကာ/ ချုပ်နှင့် သမ္မတ မည်သူ သြဇာ ပိုရှိမည်မှာ ဒွိဟ ပွားစရာရှိသည်။) ဤကား။ စကားချပ်)

လက်လှမ်း မီသမျှ တင်ပြသော ဤပုဒ်မ များမှာ အုပ်ချုပ်ရေး ပိုင်းတွင် တပ်မတော်၏ သြဇာလွှမ်းမိုး ပုံအား သိသာ ထင်ရှားစေ ပါလိမ့်မည်။

ဥပဒေပြုရေးပိုင်း

ဥပဒေပြုရေး အပိုင်းတွင် တပ်မတော်မှ ပါဝင် ပတ်သက် နေပုံနှင့် ပတ်သက်၍ လွှတ်တော် အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ကို ဖွဲ့စည်းပုံ ပညာရှင်များက ရွေးကောက်ခံ မဟုတ်သော ၂၅ ရာခိုင်နှုန်းသည် တပ်မတော် သားများ မဟုတ်ဘဲ အရပ်သားများ ဖြစ်ခဲ့လျှင်ပင် ရွေးကောက်ခံ မဟုတ်သော လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်နေခြင်း ကပင် ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ မဟုတ် ဟုထောက်ပြ ကြသည်။ အောက်ပါ ပုဒ်မများ ကို လေ့လာကြည့်လျှင် တွေ့နိုင်သည်။

တရားစီရင်ရေးပိုင်း

ပုဒ်မ (၂၀) ခတွင် (ကာ/ချုပ်သည် တပ်ပိုင်း ဆိုင်ရာ ကိစ္စများအား လွတ်လပ်စွာ စီမံပိုင်ခွင့် ရှိသည်။) အရပ်သား အစိုးရ၏ တရားစီရင်ရေး မဏ္ဍိုင်မှ ၀င်ရောက် စွက်ဖက်ခွင့် မရှိဆိုသည့် သဘောပင်ဖြစ်သည်။ ဤအချက်များကို ထောက်ရှုလျှင် တပ်မတော်သည် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များ တွင် ပါဝင် ပတ်သက်၍ သြဇာ သီးသန့်ရှိ နေသည်ကို တွေ့ရသည်။

အထက်ပါ အချက်များတွင် ဖော်ပြထားသော ကာ/ချုပ်ဟူသည် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အား ရည်ရွယ်ရင်း မဟုတ်ဘဲ ၂၀၁၅ အလွန် အနာဂတ် မြန်မာနိုင်ငံအတွက် ဤဖွဲ့စည်းပုံ အတိုင်းဆိုလျှင် တပ်မတော် ကိုယ်၌ပင် အာဏာ ခွဲဝေမှု၌ အကျပ်အတည်း တစ်ရပ် ပေါ်ပေါက် လာနိုင်ကြောင်း လက်လှမ်း မီသမျှ စေတနာ ရှေ့ထား စဉ်းစား ကြည့်ခြင်း ဖြစ်ပါသည်။

(၁) ဖွဲ့စည်းပုံတွင် ကာကွယ်ရေး ဦးစီးချုပ်၏ သက်တမ်း မပါရှိသော်လည်း နောင်လာမည့် အရပ်သား အစိုးရ သမ္မတသည် ကာ/ချုပ်ကို ခန့်အပ်ရာတွင် ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ၏ ထောက်ခံအတည် ပြုချက် ယူရမည် ဖြစ်သည်။ ဤတွင် ကာ/လုံ ၏ အဖွဲ့ဝင်(၁၁)ဦးတွင် ကာ/ချုပ် လက်အောက်နှင့် ကာ/ချုပ် တင်သွင်းသူ (အရပ် စကား ပြောရလျှင် ကာ/ချုပ်လူ ၆ဦး) တပ်မတော် သားများ ပါရှိပြီး အရပ်သားမှာ သမ္မတ အပါအ၀င် (၅)ဦးသာ ပါရှိသည့် အတွက် ကာ/ လုံ၏ (၆+၅) ဖွဲ့စည်းပုံ အရ ကာ/ချုပ် အသစ်အား ခန့်အပ် ခဲ့မည် ဆိုလျှင် ကာ/ ချုပ်ကပင် ပြန်လည် ထောက်ခံရမည့် သဘောဖြစ်နေသည်။

(၂) ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ကာ/ချုပ်က အမည် စာရင်း တင်သွင်းမည့် (သမ္မတလောင်း)၊ ဒု-သမ္မတမှာ မည်သူ ဖြစ်မည် ဆိုသည်မှာ စိတ်ဝင်စား ဖွယ်ရာ ကောင်းသည်။ ထိုပုဂ်္ဂိုလ်မှာ သမ္မတဖြစ် ခဲ့သည် ဖြစ်စေ၊ ဒု-သမ္မတ ဖြစ်ခဲ့သည် ဖြစ်စေ ကာ/ချုပ် တင်သွင်းသူ ဖြစ်သည့် အတွက် ကာ/ချုပ်နှင့် ထိုသမ္မတ သော်လည်း ကောင်း၊ ဒု-သမ္မတ သော်လည်းကောင်း သြဇာ အာဏာ မည်သူ ပိုရှိမည်နည်း ဆိုသည်မှာ လည်း ဖွဲ့စည်းပုံ အကျပ်အတည်း တစ်ရပ် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

ဤနှစ်ချက်အား သုံးသပ် ရလျှင် အင်စတီ ကျူးရှင်း အခြေပြု ရွေးချယ်မှုထက် ပုဂ်္ဂိုလ်ရေး ညှိနှိုင်းမှု ဗျူဟာ များသာ ခင်းကျင်း လာနိုင်မည်ဟု သုံးသပ် ရပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိရမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက်္ကဋ္ဌက ပြောကြားခဲ့ဖူးသည်။ သို့သော် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တရား မျှတလျှင်ပင် ဖွဲ့စည်းပုံကို မပြင်ဆင်လျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု အခြေခံ ဥပဒေ ကိုယ်၌၏ အာဏာတစ်ဖက် စောင်းနင်း ဖြစ်နေမှုကို ထောက်ပြခဲ့သည်။ ထိုအခါ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည် ရေးဆွဲရေးတွင် ဒီမိုကရက်တစ် အတိုက် အခံ အင်အားစုများ၊ NLD ၊ တိုင်းရင်းသား အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် များကြား တူညီသော ဘုံရည်မှန်းချက် တစ်ခု မရခဲ့ပြန်ချေ။ ထို့ပြင် လွှတ်တော်တွင်း အဆိုတင်၍ ပြင်မည်၊ သို့မဟုတ် အသစ် ဆွဲမည်လော၊ လွှတ်တော် ပြင်ပမှ အသစ် ရေးဆွဲရေး ကြိုးပမ်းမည် လောဟူသည်လည်း ဘုံရည်မှန်းချက် တစ်ရပ် မထွက်ပေါ် လာသေးချေ။

(၁) အခြေခံ ဥပဒေ ပြင်မည်၊ လွှတ်တော်အတွင်း ၁၀၉ဦး ကော်မတီမှ တစ်ဆင့် အဆိုတင်၍

၅၉(စ) ဟူသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ပုဒ်မ၊ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော ပုဒ်မများ၊ ကာ/လုံ အခန်းကဏ္ဍ အစ ရှိသဖြင့် နိုင်ငံ့ အနာဂတ်အတွက် အရေးကြီး ပုဒ်မ ၉၀ကျော်မှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန်္ဒမဲပေး ပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော် ထောက်ခံမှ ပြင်ဆင်နိုင်မည်။ လွှတ်တော် အသီးသီးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်မှာ ၂၅ ရာခိုင်နှုန်း ရှိ၍ တပ်မတော်၏ ထောက်ခံချက်ရမှ ပြင်ဆင် နိုင်မည်ဖြစ်သည်။ ဤတွင် တပ်မတော်သားဟူသည် အထက်အောက် အမိန့်နာခံရသည်မှာ စည်းမျဉ်း ၀ိသေသ ဖြစ်၍ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ဆိုသည်မှာ ကာကွယ်ရေး ဦးစီးချုပ် တစ်ဦးတည်းဟု ယုတိ္တ ဗေဒ ရှုထောင့်မှ စဉ်းစား နိုင်သည်။ ကာ/ ချုပ်၏ ထောက်ခံမှု လိုမည်ဖြစ်သည်။ အခြေခံ ဥပဒေကို အသစ် မရေးဆွဲဘဲ ပြင်ဆင်ရုံ လွှတ်တော်တွင်းမှ ဆွေးနွေးလျှင် တပ်ပိုင်း ဆိုင်ရာ ပုဒ်မများ၊ ၅၉(စ) ကဲ့သို့သော အရေး ကြီး ပုဒ်မ၉၀ ကျော်ထဲမှ ပုဒ်မများ ပြင်ဆင်ရန်မှာ အထူး ခက်ခဲမည်ဟု ယူဆရပြီး ပုဒ်မ ၉၀ကျော် မှအပ သာမန် ပုဒ်မ များသာ ပြင်ဆင် ပေးဖွယ်ရှိသည်။ လက်ရှိ လွှတ်တော် တွင်းတွင် တပ်မတော်မှ ၂၅ရာခိုင်နှုန်းအပြင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော်၌ ၄၈.၁၈ရာခိုင်နှုန်း၊ အမျိုးသား လွှတ်တော်၌ ၅၅.၃၇ရာခိုင်နှုန်း ရှိနေပြီး NLD မှာမူ ပြည်သူ့ လွှတ်တော်၌ ၈.၄၁ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်၌ ၁.၇၈ ရာခိုင်နှုန်းသာ ရှိသည်။ အဓိက မရ၊ သာမည သာ ရမည့်သဘောရှိသည်။

(၂) အခြေခံဥပဒေအသစ်ရေးဆွဲရန် လွှတ်တော်တွင်းတွင် တင်ပြဆွေးနွေးမည်

လွှတ်တော် တွင်းမှ အရေးကြီး ပုဒ်မများ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲ ရေးတို့မှာ ကာ/ချုပ်၏ သဘောတူ ထောက်ခံချက် ရမှ ပြင်ဆင်ခွင့် ရမည် ဆိုသည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်သည်။ ဤတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခန်း ကဏ္ဍသည် အရေး ကြီးသည်ဟု ဆိုရ ပေမည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရန် တပ်မတော်မှ ၁၀၀ ရာခိုင်နှုန်း ပါဝင်လာဖို့ မျှော်လင့် ထားကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြား ထားသော်လည်း လက်ရှိ အချိန်ထိမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံ ညှိနှိုင်းနိုင်မှုမှာ အလှမ်းဝေး နေဆဲ ပင်ဖြစ်သည်။ (ပုဒ်မ(၂၀)(စ) – တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိ သည်။)

ဖွဲ့စည်းပုံအား ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည် ဆိုသော တပ်မတော်နှင့် ဖွဲ့စည်းပုံအား အသစ် ပြန်လည် ရေးဆွဲမည် ဆိုသော လမ်းစဉ်တို့ ထိပ်တိုက် တွေ့မည်မှာမူ ယေဘုယျ ကျသော ဖြစ်စဉ် တစ်ခုပင်ဖြစ် သည်။ တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပါဝင်ထမ်း ဆောင်ရန် အစဉ်တစိုက် ဦးတည်သည် ဟူသော အခြေခံမူ ၆(စ) အရလည်း တပ်မတော် အတွက် ခံတပ် အထပ်ထပ် ခံကာ ၁၄ နှစ် ကြာ စနစ်တကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေကြီးအား အထိပါး ခံမည်လား ဆိုသည်မှာ တပ်မတော်၏ လက်ရှိအခင်း အကျင်းပေါ်၌ ပြုပြင် ပြောင်းလဲ ပြင်နိုင်စွမ်း ပေါ်တွင် မူတည် နေရာ ဖွဲ့စည်းပုံ အသစ်ရေး ဆွဲရေး လွှတ်တော်တွင် အဆိုတင်လျှင် ၂၀ ရာခိုင်နှုန်း ထောက်ခံမှု ရရန်ပင် ခဲယဉ်း မည်ဖြစ်သည်။ အဓိကလည်း မရနိုင်၊ သာမည လည်း မရနိုင်ဟု ယူဆရသည်။

သို့သော် အောက်တိုဘာ (၁)ရက် နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တပ်မတော်အား ဝေဖန်သံ ထွက်လာပါသည်။ ““နိုင်ငံရေးထဲ ၀င်ပါတဲ့ တပ်မတော်ကို ကျွန်မ ဘယ်တော့မှ အားမပေးဘူး။ တပ်မတော် ကို မချစ်လို့ မဟုတ်ဘူး။ ချစ်လို့ တန်ဖိုး ထားလို့ မလုပ် စေချင်တာ”” ““ တပ်မတော် ဆိုတာ ပိုက်ဆံရှာ နေစရာ မလိုဘူး။ အရပ် သားအစိုးရက ပြည့်ပြည့်စုံစုံ ပေးထားရမှာ။ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ ဣနြေ်္ဒရရ နေရမှာ””

““ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေ ချင်တယ်””

ဖွဲ့စည်းပုံ ပြင်ဆင်ရန် တပ်မတော်မှ ၁၀၀ ရာခိုင်နှုန်း ပါဝင်လာဖို့ မျှော်လင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော် အပေါ် ပထမဆုံး ဝေဖန်ချက်သည် နှစ်ပေါင်း ၅၀ကျော် မြန်မာ့ နိုင်ငံရေးတွင် ပါဝင် လွှမ်းမိုးခဲ့သော တပ်မတော်၏ အတိတ် ရည်မှန်းချက်၊ ပစ္စုပ္ပန်ရည်မှန်းချက်၊ အနာဂတ်ရည်မှန်းချက် တို့အပေါ်၌ ပြန်လည် သုံးသပ် ဆင်ခြင်စရာများ မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးဟောင်း (လက်ရှိသမ္မတ) ဦးသိန်းစိန်တို့၏ ၆ ကြိမ်တိုင်တိုင် တွေ့ဆုံမှုတွင် အများ ပြည်သူကို သာမက NLD ပါတီ တွင်းပါ မည်သည့် အချက်များ ဆွေးနွေး ကြသည်ကို သိခွင့် မရခဲ့ချေ။ ပွင့်လင်းမြင် သာမှုမရှိသော တွေ့ဆုံမှုဟု ဆိုသော်ငြား ဤတွေ့ဆုံမှု၌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်၏ သဘောထားအား အနည်းငယ် တီးခေါက် မိလိမ့်မည်ဟု ယူဆရပါသည်။ ထို့ပြင် အစိုးရ သက်တမ်း ၀က်တစ်ဝိုက် ကာလနှင့် အလွန်တွင် အစိုးရ အပေါ် ဝေဖန်မှုစတင် ကြားလာရပြီး ယခု တပ်မတော် အပေါ် အကောင်းမြင် ဝေဖန်မူ ပြုခြင်းကို ထောက်လျှင် တွေ့ဆုံ ဆွေးနွေးမှုများ၏ အသီးအပွင့်အား လက်တွေ့ ကျကျ မခံစားခဲ့ရဟု ကောက်ချက်ချနိုင်ပါသည်။

ပုဂ်္ဂိုလ်ရေး ညှိနှိုင်းမှု ဗျူဟာများတွင် တွင်သုံးခဲ့သော်လည်း အဓိက စူပေနမ များဖြစ်သော သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့လေးဦး၏ သုံးပွင့်ဆိုင် (သို့) လေးပွင့်ဆိုင် တွေ့ဆုံမှုမျိုး အဘယ်ကြောင့် မပေါ်ပေါက် ခဲ့သည် ဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။ အချိန်အဆ ညီသော စိတ်ရင်း စေတနာမှန်လျှင် ဤတွေ့ဆုံမှုမျိုးသည် ခက်ခဲစရာ မရှိပေ။

 (၃) လွှတ်တော်ပြင်ပဖွဲ့စည်းပုံ ပြင် ဆင်ရေး(သို့) အသစ်ရေးဆွဲရေး

ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာအား NLD နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်းကာ နိုဝင်ဘာလတွင် ထုတ်ပြန်မည် ဖြစ်သကဲ့သို့ UNFC နှင့် UNA တို့ ကဲ့သို့ တိုင်းရင်းသား အဖွဲ့များ ကလည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲမှုကို နိုဝင်ဘာလ အတွင်းတွင်ပင် အပြီးသတ်နိုင်မည်ဟု ဆိုထားသည်။ သို့သော် လွှတ် တော်တွင်း တင်သွင်း လျှင် ရရှိလာမည့် ရလဒ်ကိုလည်း NLD  အပါအ၀င် တိုင်း ရင်းသား အင်အားစု များအနေဖြင့် ကြိုတင် ခန့်မှန်း ချင့်ချိန် သင့်သည်ဟု လေ့လာသူ များက ဆိုသည်။ လွှတ်တော်တွင်း လုပ် ငန်းစဉ်သည် မှန်းချက်နှင့် နှမ်းထွက် မကိုက်နိုင်ဟု ခန့်မှန်း မိကြမိ အလျောက် ၂၀၁၄ အလွန်တွင် လွှတ်တော် ပြင်ပဖွဲ့ စည်းပုံ ပြင်ဆင်ရေး၊ အသစ်ရေး ဆွဲရေး ဗျူဟာများ ချမှတ် လာနိုင်သည်ဟု ခန့် မှန်းရပါသည်။ ဤတွင် မြန်မာပြည် တစ်နံ တစ်လျား ပါတီဝင် သန်းချီရှိ၍ တစ်နိုင်ငံလုံး အတိုင်းအတာ လူထုထောက်ခံမှု ရရှိထား သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဗျူဟာတစ်ရပ်အား မည်သို့ပုံဖော် မည်ဆို သည်မှာ ခေါင်းဆောင်ပိုင်း၏ အရည် အသွေးပေါ် များစွာ မူတည် ပါလိမ့်မည်။ အန္တရာယ် များသော စွန့်စားခန်းဟု နိုင်ငံရေး လေ့လာ သူများက သုံးသပ်ကြသော်လည်း တောင်အာဖရိက သင်ခန်းစာ စာမျက်နှာ တချို့တွင် မင်ဒဲလားနှင့် ဒီကလပ်တို့ တွေ့ဆုံ ညှိနှိုင်းရင်း တစ်ပြိုင်တည်းပင် လူထုလှုပ်ရှားမှု ဗျူဟာများ လည်း ခင်းကျင်းခဲ့ပုံကို ထောက်၍ လွှတ်တော်တွင်း(သို့) ပုဂ်္ဂိုလ်ရေး ညှိနှိုင်းမူ ဗျူဟာအပြင်၊ လွှတ်တော်ပြင်ပ(သို့) အန္တရာယ် အနည်းဆုံး လူထု လှုပ်ရှားမှု (ဥပမာ-လက်မှတ်ရေး ထိုးလှုပ်ရှားမှုမျိုး) အား ဟန် ချက်ညီညီ ဖော်ဆောင်နိုင်မည် ဆိုလျှင် တိုင်း ပြည်အနာဂတ် ကောင်းကျိုး အတွက် အကျပ် အတည်း ဖြစ်နေသော ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် အရွေ့တစ်ခုတော့ ရလာ နိုင်ကောင်း ပါသည်။ ဤဗျူဟာအား ပုံ ဖော်လျှင် ဒုတိယတန်းစား ခေါင်းဆောင်များ ကားလိုအပ်မည်မှာ မုချဖြစ်သည်။ ပြည်သူ လူထု ယုံကြည် အားထားသော ၈၈ မျိုး ဆက်ကဲ့သို့သော အင်အားစုများနှင့် အရပ် ဘက်အဖွဲ့ အစည်းများက ပါဝင်အားဖြည့် မည်ဆိုလျှင် ပိုမို ထိရောက်မည်ဟု သုံးသပ် နိုင်သည်။

တိုင်းပြည် ကောင်းကျိုးအတွက် လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းအား အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် တို့ကပါ ၀န်းရံ ထောက်ခံလျှင်တော့ အတိုင်း ထက်အလွန် ဟုသာ ဆိုရမည်ဖြစ်သည်။ ပြည်သူ လူထု ပါဝင်သော နိုင်ငံရေး နည်းလမ်းနှင့် နိုင်ငံရေး အီလစ်တစ်စုဖြင့် တိုင်း ပြည်ပြောင်းလဲချင်သည်ဟူသော ဥပဒေ နည်းလမ်း ကျနိုင်ငံရေး နည်းလမ်း မည်သည်က ပိုမိုအားသာ၊ အားကောင်းမည် ဆိုသည်ကို စမ်းသပ်မည့် အားစမ်းပွဲတစ်ခု ဟု ရှုမြင်သုံးသပ်မိပါသည်။

လင်းထိုက် (Y.I.T)

မြန်မာသံတော်ဆင့်