Home » » ဘေးဒုက္ခဖြစ်ရာဒေသများတွင် ဝက်သက်ရောဂါ မဖြစ်စေရန် ကာကွယ်ဆေး ထပ်မံထိုးနှံမည်

ဘေးဒုက္ခဖြစ်ရာဒေသများတွင် ဝက်သက်ရောဂါ မဖြစ်စေရန် ကာကွယ်ဆေး ထပ်မံထိုးနှံမည်

Written By Unknown on Monday, October 14, 2013 | 5:39 PM

ဘေး ဒုက္ခဖြစ်ပွားရာနေရာဒေသများ တွင် ဝက်သက်ရောဂါအား ကပ် ရောဂါအသွင်မဖြစ်စေရန် အရေး ပေါ်လိုအပ်လာပါက အပိုဆောင်း အနေဖြင့် ထပ်မံထိုးနှံပေးမည်ဖြစ် ကြောင်း သိရသည်။လက်ရှိအချိန်တွင် အဆိုပါ ဒေသများ၌ ဝက်သက်ရောဂါကာ ကွယ်ဆေးကို အလျဉ်မီထိုးပေး ထားသော်လည်း လိုအပ်ပါက အပိုဆောင်းအနေနှင့် ထပ်မံထိုး ပေးမည်ဖြစ်ကာ အဆိုပါဘေး ဒုက္ခဖြစ်ပွားရာဒေသများတွင် ကာ ကွယ်ဆေးလွှမ်းခြုံမှု၊ ကာကွယ် ဆေးထိရောက်မှုနှင့် ကလေး၏ ကိုယ်ခံစွမ်းအားကောင်းမွန်မှုရှိ မရှိစသည်တို့အပေါ်တွင် မူတည် ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်မှ စီမံ ချက်မန်နေဂျာ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာကျော်ကံကောင်း ကပြောသည်။

ယင်းက ''ဘေးဒုက္ခဖြစ်တဲ့ ဒေသမှာ ကပ်အသွင်ကာကွယ် ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါ ဖြစ်ပွားဖို့ဆိုတာက ဝက်သက်ရော ဂါတစ်ခုပဲရှိတယ်။ ကျန်တဲ့ရော ဂါတွေက အရေးပေါ်ကာကွယ် ဆေးထိုးဖို့မလိုဘူး။ ဘေးဒုက္ခဖြစ် တဲ့နေရာတွေမှာ ဝက်သက်ရော ဂါက ကူးစက်မှုမြန်နိုင်လို့ ကာ ကွယ်ဆေးကို အလျဉ်မီအောင် ထိုးပေးပါတယ်။ ဒါပေမဲ့ အခြေ အနေပေါ်မူတည်ပြီး အရေးပေါ် လိုအပ်ရင် အပိုဆောင်းအနေ နဲ့ထပ်ထိုးပေးမှာပါ''ဟုဆိုသည်။
တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်အရ ၂၀၁၂ ခု နှစ် မတ်လအတွင်း မြန်မာတစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုး လမှ ငါးနှစ်အောက်ကလေး ၆ ဒသမ ၄သန်းအား ဝက်သက် ရောဂါကာကွယ်ဆေးများကို အ ပိုဆောင်းထိုးနှံပေးခဲ့ရာ ရခိုင်ပြည် နယ်တွင် ဘေးဒုက္ခဖြစ်ပွားချိန်တွင် ဝက်သက်ရောဂါမှာ ကပ်ရောဂါ အသွင်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း လည်း သိရသည်။

ကချင်ပြည်နယ်အတွင်း IDP Camp များတွင် ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်များ လုပ်ဆောင် လျက်ရှိပြီး ကာကွယ်ဆေးများ လွှမ်းခြုံခြင်းရှိမရှိနှင့် ကာကွယ် ဆေးများ ထိရောက်မှုရှိမရှိကို ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာ ကွယ်ဆေးထိုးလုပ်ငန်းအပြင် ဗဟို ကူးစက်ရောဂါကာကွယ်ရေးဌာန မှတာဝန်ရှိသူများ စောင့်ကြည့်လေ့ လာလျက်ရှိကြောင်း သိရသည်။

[ နွေဦးလင်း ၊ ရန်ကုန် ၊ အောက်တိုဘာ ၁၄ ] Yangon Media Group