Home » » ရန်ကုန်- ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး ခရီးစဉ်ကို ဈေးနှုန်း လျော့ပြေးဆွဲမည်

ရန်ကုန်- ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး ခရီးစဉ်ကို ဈေးနှုန်း လျော့ပြေးဆွဲမည်

Written By Unknown on Monday, October 14, 2013 | 5:25 PM

မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်အခြေစိုက် World Ticket ကုမ္ပဏီ ပူးပေါင်းပြီး ရန်ကုန်- ညောင်ဦး၊ မန္တလေးနဲ့ ဟဲဟိုးခရီးစဉ်ကို ဈေးနှုန်းလျော့ ပြေးဆွဲမယ်လို့ လက်မှတ်အရောင်း အေးဂျင် တာဝန်ယူထားတဲ့ ဧရာဝတီခရီးသွားလုပ်ငန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိ အဲပုဂံက ရန်ကုန်- ဟဲဟိုး ခရီးစဉ်တကြောင်း မြန်မာနိုင်ငံသား ကျပ် ၅ သောင်း ၈ ထောင်၊ နိုင်ငံခြားသား အမေရိကန်ဒေါ်လာ ၉၀ ပြေးဆွဲနေတဲ့ ခရီးစဉ်ကို မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်ကုမ္ပဏီက အောက်တိုဘာလကုန်အထိ အထူးနှုန်း မြန်မာနိုင်ငံသား ကျပ် ၃ သောင်း ၃ ထောင်၊ နိုင်ငံခြားသား ၅၅ ဒေါ်လာနဲ့ ပြေးဆွဲမယ် ဖြစ်ပါတယ်။

အခြား အထူးခရီးစဉ်တွေအဖြစ် ရန်ကုန် – မန္တလေး ၃ သောင်း ၅ ထောင် ကျပ်၊ ရန်ကုန်- ညောင်ဦး ၃ သောင်း ၃ ထောင် ကျပ်ဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ရန်ကုန်- မန္တလေး ၅၉ ဒေါ်လာ၊ ရန်ကုန်- ညောင်ဦး ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အထူးလျော့ဈေးကာလ
ကုန်ဆုံးသွားရင် သတ်မှတ်မယ့် နှုန်းထားကိုတော့ ကြေငြာခြင်း မရှိသေးပါဘူး။

လက်ရှိ ရန်ကုန်ကို အခြေပြုပြီး ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှု တိုးချဲ့တာကို ခွင့်မပြုတဲ့အတွက် ဒိန်းမတ်ကုမ္ပဏီဟာ မြန်မာ့လေကြောင်းနဲ့ ပူးပေါင်း လုပ်ကိုင်တာ ဖြစ်နိုင်ကြောင်း အဲဒီ ခရီးသွားလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။

by ဒီဗွီဘီ