Home » » သံတွဲတွင် လူမျိုးရေးပဋိပက္ခအသွင် ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် သက်ဝင်လာ

သံတွဲတွင် လူမျိုးရေးပဋိပက္ခအသွင် ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် သက်ဝင်လာ

Written By Unknown on Wednesday, October 2, 2013 | 2:55 PM

ရန်ကုန်၊ အောက်တိုဘာ ၁

သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ် စု၌ အောက်တိုဘာ ၁ ရက်နေ့ မနက် ပိုင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုတို့ ရှိခဲ့ကြောင်း အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က သံတွဲမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှု တစ်ခုဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် တည်ငြိမ်အောင် ထိန်းထား နိုင်ပြီဖြ စ်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့နှင့် အနီးဆုံး ၈ မိုင်ခန့် အကွာ အဝေးဆုံး ၂၅ မိုင်ခန့်တို့ရှိ ရွာ ၃ ရွာတွင် နေအိမ်မီးရှို့မှုများ၊ အကြမ်း ဖက်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ရခိုင် ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဦးဝင်းမြိုင်က အတည်ပြု ပြောသည်။

”ခရိုင်ရဲမှူးကြီးတွေ နယ်မြေကို ဆင်းသွားပြီ။ နေ့လယ်ပိုင်းမှာ အင်အား ၁ဝဝ ကျော် ထပ်လွှတ်လိုက်ပါပြီ”ဟု ၄င်းက ဆိုသည်။

ညနေ ၅ နာရီခွဲ သတင်းများအရ သံတွဲမြို့နယ် တစ်ခုလုံးအား ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ရသည်။

သံတွဲမြို့တွင် ပုဒ်မ ၁၄၄ကို  ၂ဝ၁၂ ခုနှစ် ဇွန်လ (၈)ရက်နေ့က ထုတ်ပြန် ခဲ့ဖူးပြီး၊ ထိုနှစ် အောက်တိုဘာ (၁ဝ) ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် ၂ဝ၁၃ ခုနှစ် ဇွန်လအတွင်း တွင် အကြမ်းဖက်မှုအချို့ ဖြစ်ပွားခြင်း ကြောင်း ဇွန်လ ၃ဝ ရက်တွင် ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ညမထွက်ရအချိန်ကို ည ၉ နာရီအထိ လျှော့ချခဲ့ပြီး၊ ယခု အချိန်ပြန်လည် တိုး မြှင့်သတ်မှတ်ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စား လှယ်မှာလည်း လွှတ်တော်မှခွင့်ယူကာ သံတွဲသို့ ချက်ချင်းဆင်းသွားခဲ့ရပြီး အ ခြေအနေကို တည်ငြိမ်အောင် ဝိုင်းဝန်း ထိန်းသိမ်းနိုင် ရန်အတွက်ဟု ပေါ်ပြူလာ နယူးစ်သို့ ဖြေကြားသည်။

”သတင်းတွေကို အတည်ပြုနေရ ဆဲပါ။ အခြေအနေက ရှုပ်ထွေးနေပါ သေးတယ်။ အတိအကျကတော့ မရ သေးပါဘူး”ဟု ဦးမြင့်လှိုင်က ထပ်လောင်း ဆိုသည်။

လတ်တလော အခြေအနေအရ လူ ၂ဝ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦးခန့် သေဆုံးမှု ရှိသည်ဟု သတင်း များကြားရကြောင်း ထို့အတွက် အတည် ပြုနိုင်ရန် ကြိုး ပမ်းနေရကြောင်း ဦးမြင့် လှိုင်က ဆိုသည်။

Popular Myanmar News Journal