Home » » နိုင်ငံတော်သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် ချိန်သားကိုက် ဆူပူမှုဖြစ်

နိုင်ငံတော်သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် ချိန်သားကိုက် ဆူပူမှုဖြစ်

Written By Unknown on Wednesday, October 2, 2013 | 2:47 PM

ရန်ကုန် ၊ အောက်တိုဘာ ၁။ ။ နိုင်ငံ တော်သမ္မတ ရခိုင်ပြည်နယ် သို့ ရောက်ရှိနေ စဉ်အတောအတွင်း သံတွဲတွင် အကြမ်းဖက်ဆူပူမှု များ ဖြစ်ပွားလာခြင်းသည် အချိန်ကိုက် ဆောင်ရွက်မှုတစ်ခုဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ က ပြောကြားကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် အောက်တိုဘာ၁ရက်က ရခိုင်ပြည် နယ် မြောက်ဦး၊ ကျောက် တော်၊ မောင်တောနှင့် စစ်တွေမြို့ များသို့ သွားရောက် လျက်ရှိပြီး ယင်းနေ့တွင် သံတွဲမြို့နယ် သပြု ချိုင်ကျေးရွာတွင် ဘင်္ဂါလီနေအိမ် ၁ရလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးမောင် က ''ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ကတော့ ဘာမှတော့ပြော စရာမရှိပါဘူး။ ဒါပေမဲ့ ဒီပဋိပက္ခ ပြဿနာစတင်ဖြစ်ပွားခဲ့တဲ့ ရမ်း ဗြဲ၊ တောင်ကုတ်တို့မှာ အကြမ်း ဖက်မှုအခြေအနေတွေ ဖြစ်ခဲ့တာ တွေက ဒီနေ့သံတွဲမှာဖြစ်တဲ့ကိစ္စ နဲ့ဆက်စပ်မှု ရှိ မရှိကိုတော့ သေ ချာမပြောနိုင်ဘူး။ အဓိကပြောချင် တာကတော့ ဒီ ပြဿနာစတင်ဖြစ်ပွားခဲ့တဲ့ ဇာတ် ကောင်တွေ ရဲ့ နောက်ကြောင်း ကို တော့ လေ့လာဖို့လိုတယ်''ဟု သုံး သပ်ပြောသည်။

နိုင်ငံတော်သမ္မတ၏ ရခိုင် ပြည်နယ်ခရီးစဉ်သည် သမ္မတ သက်တမ်းအတွင်း ပထမဆုံးသွား ရောက်သော ခရီးစဉ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလေ့ လာ သူ ကိုကျော်လင်းဦးက ''ရခိုင်အပါ အဝင် လူမျိုးရေးပဋိပက္ခတွေ မှာ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာ ကိုမလိုတော့တာပါ။ နိုင်ငံတော် သမ္မတခရီးစဉ်အတွင်းမှာ ဖြစ်ပွား လာတာရော အိုအိုင်စီလာမယ့် ကိစ္စနဲ့လဲ ပတ်သက်မယ်ထင်တယ်။ ဒီကိစ္စတွေကတော့ လွယ်လွယ်နဲ့ ပြီးသွားမယ်လို့မထင်ဘူး။ အာဏာ ပိုင်တွေအနေနဲ့ ပြတ်ပြတ်သား သားနဲ့ သတိထားပြီးကိုင်တွယ် ရမယ့် အရေးလို့မြင်ပါတယ်''ဟု ပြောသည်။

ကျော်မြတ်ဇံ ၊ မာန်ယုကျော်(ရွှေဝမြေ) - Yangon Media Group