Home » » မြောက်ဥက္ကလာပ လူသတ်မှုတွင် ပါဝင်သူဟုဆိုသူများကို သေဒဏ်ပေးသင့်ဟု တရားလို ရဲအရာရှိက စွဲချက်တင်

မြောက်ဥက္ကလာပ လူသတ်မှုတွင် ပါဝင်သူဟုဆိုသူများကို သေဒဏ်ပေးသင့်ဟု တရားလို ရဲအရာရှိက စွဲချက်တင်

Written By Unknown on Thursday, September 12, 2013 | 12:32 PM

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ။      ။ နှစ် နှစ်ခန့်ကြာပြီဖြစ်သည့် မြောက် ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ သော မင်းမဲ့စရိုက်ဆန်ဆန်လူ သတ်မှုတွင် ပါဝင်သူဟုယူဆထား သူများကို သေဒဏ်ပေးထိုက်သည့် ပုဒ်မဖြင့် တရားလိုရဲအရာရှိက အင်းစိန် မြောက်ပိုင်း ခရိုင်တရား ရုံး၌ စက်တင်ဘာ ၁ဝရက်က စွဲ ချက်တင်လိုက်ကြောင်း သိရသည်။ ယင်းစွဲချက်ပုဒ်မကို ပြင် ဆင်ရန်အတွက် တရားပြိုင်၏ မိသားစုဝင်များနှင့် အကျိုးဆောင် ရှေ့နေများက ရန်ကုန်တိုင်းဒေသ ကြီးတရား လွှတ်တော် သို့ တက် ရောက်သွားမည်ဖြစ်သည်။

အဆိုပါအမှုကို တရားပြိုင် ဘက်မှလိုက်ပါသူ အကျိုးဆောင် ရှေ့နေတစ်ဦးက ''စက်တင်ဘာ ၁ရရက်မှာ ပြန်ခေါ်သက်သေတွေ စစ်မယ်။ ဒီစွဲချက်ပုဒ်မကို ပြင်ဆင် ဖို့ တရားပြိုင်တွေရဲ့ မိသားစုဝင် တွေက စွဲချက်တွေကို မိတ္တူကူးနေ တယ်။ အခုစွဲ ချက်တင် လိုက်တဲ့ ပုဒ်မက လူသတ်မှု၊ ကြိုတင်ကြံ စည်မှု၊ ပူးပေါင်းပါဝင်မှုတွေနဲ့ စွဲ ချက်တင်လိုက်တာပါ။ ဒီစွဲချက် ပုဒ်မကို ပြန်လည်ပြင်ဆင်ဖို့အတွက်   အဆင့်ဆင့်ဆောင်ရွက်သွားမယ်'' ဟုပြောသည်။ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တရားလို ရဲအရာရှိက စက်တင်ဘာ၁ဝရက်တွင် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ၃၀၂၊ ၁(ခ)/  ၃၄ဖြင့်စွဲချက်တင်ခဲ့ကြောင်း၊ အ ဆိုပါအမှုကို မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှ တရားသူကြီး ဦးအောင်မြသိန်းက စစ်ဆေးနေ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မြောက် ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ''ဒီအမှုက ကြို တင်ကြံစည်မှုတွေနဲ့သတ်တဲ့ လူ သတ်မှုပါ။ အမှန်အတိုင်းပြစ်ဒဏ် ခံရအောင်တော့ လုပ်ဆောင်ရ မှာပဲ''ဟု ပြောသည်။ အဆိုပါအမှုသည် နှစ်နှစ် ခန့်ကြာ မြင့် ပြီဖြစ်ကြောင်း၊ အဓိ ကတရားခံဟု ယူဆရသူသုံးဦး မှာ လွတ်မြောက်နေသေးကြောင်း၊ ဖမ်းဆီးရမိသူ စုစုပေါင်းမှာ ယခု ၂၃ဦးခန့်ရှိပြီဖြစ်သည်ဟု တရား ခံဟု စွဲဆိုခံထားရသူများထဲမှ မိ သားစုဝင်တစ်ဦးက ပြောသည်။ တရားပြိုင် မိသားစုဝင် တစ် ဦးက ''အဓိက တရားခံတွေက ထွက်ပြေးသွားပြီထင်တယ်။ မမိ သေးဘူး။ ဒီစွဲချက်ပုဒ်မကိုပြင်ဆင် ဖို့ ကျွန်မတို့ ဆက်လက်ဆောင် ရွက်သွားမယ်''ဟုပြောသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ အတွင်းက မြောက်ဥက္ကလာပမြို့ နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင် တွင် စားသောက်နေသော ကို ကျော်မင်းဆိုသူကို လူ၂၅ဦးခန့် ပါသောလူအုပ်က မျက်နှာဖုံးများ စွပ်ကာ ဓားများဖြင့် အကြိမ်ကြိမ် ထိုးသတ်ခဲ့ သည့်ဖြစ်ရပ် တစ်ခု ကို မြောက်ဥက္ကလာပရဲစခန်းက အမှု ဖွင့်ကာ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group