Home » » ထန်းကိုင်းရေနံမှော်ကို တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်း

ထန်းကိုင်းရေနံမှော်ကို တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်း

Written By Unknown on Thursday, September 12, 2013 | 12:41 PM

ထန်းကိုင်း-စက်တင်ဘာ ၁၁

ထန်းကိုင်းရေနံမှော်အတွင်းရေနံတွင်းတူးသူများ၊ရေနံခပ်သူများ၊ရေနံစိမ်းရောင်းဝယ်ပြုလုပ်နေသူများနှင့်ဈေးဆိုင်ဖွင့်ရောင်းချနေသူများအားလုံးကိုရက်ကန့်သတ်လျှက် တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်းကြောင်းသ တင်းရရှိသည်။

မှော်အတွင်းပြည်သူ(၂)သိန်းဝန်းကျင်ခန့် ရောက်ရှိ၍ ရေနံလက်ခပ်တွင်းများဖြင့်လုပ်ကိုင်ရှာဖွေနေမှုကို၉-၉-၂၀၁၃နေ့တွင် သရက်ခရိုင် ရဲမှူးမှစာတစ်စောင်ပြ၍ လုပ်ငန်းခေါင်းဆောင်ဟုယူဆသူများ ကိုခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။

“စာမှာဘာပါလဲဆိုတော့ ဈေးဆိုင်ခန်းရောင်းချသူတွေကို(၅)ရက်အတွင် ဖယ်ရှားရမယ်၊ ရေနံတွင်းတူးသူတွေ၊ ခပ်သူတွေ၊၀ယ်ရောင်းသယ်ပို့နေသူတွေကို(၇)ရက်အတွင်း အပြိးဖယ်ရှားပေးရမယ် လို့` ပါတယ်၊ရဲအင်အားက ပထမ(၅၀) ၊နောက်ထပ်ရောက်တာနဲ့ဆိုရင်(၁၅၀)လောက် တော့ရှိ မှာ ပေါ့၊စာကဘယ်သူထုတ်တာမှန်းမသိရဖူး၊ လက်မှတ်ထိုးမထားဖူး၊စည်းတံဆိပ်ရိုက်မထားဖူးဗျ” စာလက်ခံရရှိသူရွာသစ်ကြီးကျေးရွာဒေသခံတစ်ဦးမှပြောကြားခဲ့သည်။

ထန်းကိုင်းရေနံမှော်ကို(၂၀၀၇)ခုနှစ်မှ(၂၉-၄-၂၀၁၃)ထိ မြန်မာ့ရေနံမှ ကုမ္ပဏီများဖြင့် နိုင်ငံ တော်အစိုးရ၏ခွင့်ပြုချက်ဖြင့် တူးဖော်ခဲ့သည်ဟုဒေသခံတစ်ဦးမှဆိုပါသည်။ ရေနံမှော်အတွင်းဓားမဦးချလုပ်ကိုင်ခဲ့သောတောင်သူကြီးများထံပြန်လည်အပ်နှံခံရသည့်အချိန်မှစ၍ဒေသခံများမှာလယ်ယာစိုက်ပျိုမှု မဖြစ်ထွန်းတော့သောရေနံမြေအား လက်ယက်တွင်းများပြုလုပ်၍ရေနံတူးဖော်ခဲ့ရာမှယခုကဲ့သို့နယ်အရပ်အသီးသီးမှလာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။

“ကျမတို့ကမြိုင်ဖက်ကပါ၊ဟိုမှာမိုးမကောင်းလို့ ယာတွေသိုက်တာမဖြစ်ဖူး၊ဒါကြောင့်စား စ ရိတ်ရရဆိုပြိးရေနံပုံးလာရွက်တာ၊တစ်ခေါက်(၅၀၀)ရပါတယ်” ရွှံ့ထဲဗွက်ထဲတွင် ရေနံပုံးရွက်နေသူကဆိုပါသည်။ အများနည်းသူရေနံလာရောက်တူးသူများမှာလည်းလယ်ယာစိုက်ပိျုးရေးမကောင်းသဖြင့် လယ် ပေါင်၊ယာရောင်းဖြင့် ရင်းနှီးလုပ်ကိုင်သူများကိုပါတွေ့မြင်ခဲ့ရသည်၊ အချို့မှာအရင်းအနှီးမရှိ သဖြင့် လက်ခစားလုပ်ကိုင်သူမှားလည်းတွေ့ရသည်။

“သားကရေနံခပ်တယ်၊ကျနော်ကဈေးရောင်းပေါ့၊တစ်နေ့တစ်သောင်းလောက်ဝင်တယ်ဗျ ၊ခုတင် နေတဲ့စားကြွေးလေးကျေအောင်ဆပ်နိုင်တော့မယ်”လို့ အကွေးမြို့ မယ်လှတောင်ရွာမှနေ့စဉ် မုန့်ပဲသွားရေစာရောင်းချသူတစ်ဦးကပြောပြပါသည်။ ယခုရေနံမှော်နေရာသည် မြန်မာ့ရေနံမှပိုင်ဆိုင်ပြီးရေနံတူးခြင်းရပ်နားထားချိန်တွင် တောင် သူများစိုက်ပျိုးစားရန် ပေးထားခြင်းဖြစ်ပြီး၊ တရားမ၀င်ရေနံ တူးမှုကိုတားမြစ်ပေးရန် မြန်မာနိုင်ငံပြည် သူ့ရဲသို့အကူအညီတောင်းခံထားခြင်းဖြစ်သည်။

စာထုတ်ဝေခြင်းမှာမိမိတို့နှင့်မသက်ဆိုင်ကြောင်းနှင့်ယခင်ဧပြီလအတွင်းမှကတဲကဖယ်ရှားခိုင်းခဲ့သည်ကိုမဖယ်ရှားသဖြင့် သရက်ခရိုင်ရဲမှူးကြီးအစီ အ စဉ်ဖြင့် ထပ်မံဖယ်ရှားခိုင်းခြင်းသာဖြစ်ကြောင်းထန်းကိုင်းရေနံမြေMOGEမှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။

ထပ်မံစုံစမ်းကြည့်ရာတွင် စာထုတ်ဝေခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးအော်ဟစ်ခြင်းပြုခဲ့သည်မှာမှန်သော်လည်း၊ဖြန့်ဝေသောစာတွင် မည်သည့်အဖွဲ့အစည်း၊ တာဝန်ရှိသူ၏လက်မှတ်များရေး ထိုးထားခြင်း မရှိသောစာများဖြစ်နေသဖြင့် မှော်အတွင်းအင်တိုက်အားတိုက်လုပ်ကိုင်နေသူများ
အနေဖြင့် ဖယ်ရှားပေးမည်မဟုတ်ပဲလက်မှတ်များကောက်ခံကာ သမ္မတထံလိပ်မူ၍ ဆက်လက်လုပ်ကိုင်ခွင့်တင်ပြတောင်းခံသွားမည်ဟု သတင်းရရှိသည်။

ဦးမင်း

Popular Myanmar News Journal