Home » » နိုင်ဂျီးရီးယားပုဂ္ဂလိကဆေးခန်း မွေးကင်းစကလေး အရောင်းအဝယ်ပြု၍ စီးပွားရှာ

နိုင်ဂျီးရီးယားပုဂ္ဂလိကဆေးခန်း မွေးကင်းစကလေး အရောင်းအဝယ်ပြု၍ စီးပွားရှာ

Written By Unknown on Thursday, September 12, 2013 | 12:08 PM

နိုင် ဂျီးရီးယားနိုင်ငံ၏ Moonlight Maternity ဆေးခန်းပိုင်ရှင်က မွေးဖွားကာစ ကလေးငယ်များကို ရောင်းစားနေသည်ဆိုသော စွပ် စွဲမှုနှင့် ပတ်သက်ဆွေးနွေးပြော ကြားရန် လိုလားခြင်းမရှိကြောင်း သိရသည်။ စွပ်စွဲမှုအရ ယောက်ျား လေးများသည် မိန်းကလေးများ ထက် ပိုမိုဈေးရရှိသည်ဟု ဆိုသည်။
အသက်ရ၄နှစ်အရွယ်ရှိ ဘင်အက္ကပူဒါချီသည် အန်အူဂူ မြို့အရှေ့တောင်ဘက်ပိုင်းရှိ ဆေး ခန်းပိုင်ရှင်ဖြစ်သည်။ အက္ကပူဒါချီ ၏ဆေးခန်းအား လုံခြုံရေးတပ်ဖွဲ့ က စစ်ဆင်ရေးတစ်ရပ်အဖြစ် ဝင် ရောက်စီးနင်းခဲ့ပြီးနောက် ကလေး စက်ရုံကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ မေလအတွင်းက အက္ကပူဒါချီ၏နေအိမ်သို့ ရဲတပ် ဖွဲ့က စီးနင်းဝင်ရောက်ရှာဖွေရာ ရောင်းချမည့် မွေးကင်းစကလေး များကို တွေ့ရှိခဲ့ကြသည်။

အက္ကပူဒါချီ၏ဆေးခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အား နေရာထိုင်ခင်းစီစဉ်ပေးပြီး မွေးဖွားလာသောကလေးများကို ရောင်းချရန် ကမ်းလှမ်းမှုပြုကြောင်း၊ အချို့သောအမှုများတွင် ဆန္ဒမပါ ဘဲ သို့မဟုတ် မုဒိမ်းပြုကျင့်ခဲ့ရမှု ကြောင့် မီးဖွားမှုပြုရသောအမျိုး သမီးငယ်များမှ မွေးဖွားလာသော ကလေးများကို မှောင်ခိုဈေးကွက် တွင် ရောင်းချမှုပြုခြင်းဖြစ်သည်။ များသောအားဖြင့် အက္ကပူဒါချီ ၏ဆေးခန်းတွင် လက်ထပ်ထား ခြင်းမရှိသော အမျိုးသမီးများမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ ရရာမှ ဆေးခန်းသို့ ရောက်လာ ကာ မွေးဖွားခဲ့ကြကြောင်း ရဲတပ် ဖွဲ့က ပြောကြားခဲ့သည်။

မွေးကင်းစကလေးများအား အမေရိကန်ဒေါ်လာ ထောင်နှင့် ချီ၍ရောင်းချခဲ့ပြီး မွေးဖွားသော မိခင်မှာမူ ဒေါ်လာ၂ဝဝသာရရှိ ကြောင်း သိရသည်။ တချို့ဆို လျှင် ဖခင်ဖြစ်သူက ကိုယ်ဝန်ဖျက် ချခိုင်းသော်လည်း မဖျက်ချဘဲ နေရာမှ အရပ်လက်သည်ဖြင့် ကလေးကိုမွေးဖွားပြီးနောက် အ က္ကပူဒါချီထံတွင် ဒေါ်လာ၁၅၀၀ နှင့်ရောင်းချခဲ့ကြောင်း၊ ကလေး၏ မိခင်က သူ၏ရင်သွေးငယ်မတွေ့ ရ၍ သူ၏ဦးလေးဖြစ်သူ၏အကူ အညီဖြင့် ရှာဖွေရာ အက္ကပူဒါချီ ၏ဆေးခန်းမှ ပြန်လည်ရှာတွေ့ ခဲ့ကြောင်း သိရသည်။

အန်အူဂူ ၊ စက်တင်ဘာ(၁၁) ၊ Ref AFP
Yangon Media Group