Home » » တာလောကြီးရှိ ကျွဲ၊ နွားများ ရောဂါဖြစ်ပွား၍သေဆုံး

တာလောကြီးရှိ ကျွဲ၊ နွားများ ရောဂါဖြစ်ပွား၍သေဆုံး

Written By Unknown on Saturday, September 28, 2013 | 1:11 PM

မြန်မာနိုင်ငံအောက်ပိုင်းမှ တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းရန် မောင်းလာသော ကျွဲ၊ နွားများမှ ရောဂါကူးစက်ကာ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဖြစ်သော တာလောကြီးကျေးရွာတွင် တစ်လအတွင်း ကျွဲ၊ နွား အကောင် ၂၀ ကျော် သေဆုံးသွားကြောင်း တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက ဆိုသည်။

“တရုတ်နိုင်ငံကိုပို့တဲ့ ကျွဲ၊ နွားတွေကို သယ်ဆောင်လာတဲ့လူတွေက သူတို့ ကျွဲ၊ နွားတွေ ရောဂါဖြစ်ပြီး ဆုံးသွားရင် မမြှုပ်ကြဘူး။ ဒီအတိုင်းပဲ ပစ်ထားကြတယ်။ အဲဒီကနေတစ်ဆင့် ဒီမှာရှိတဲ့ ကျွဲ၊ နွားတွေဆီကူးပြီး သေကုန်တာ။ ဒီဒေသက ကျွဲ၊ နွားတွေက လွှတ်ပြီးကျောင်းတာပိုများတယ်”ဟု ဦးဆန်းထူးက ဆိုသည်။

သေဆုံးသွားသည့် ကျွဲများသည် လည်ချောင်းကွဲရောဂါနှင့် ဒေါင့်သန်းရောဂါ ဖြစ်ပွားသေဆုံးသွားခြင်းဖြစ်သည်။ လက်ရှိတွင် တာလောကြီး ကျေးရွာ၌ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ဒေါက်တာခွန်ဖုန်းက ကျန်ရှိသော ကျွဲ၊ နွားများအား ကာကွယ်ဆေးများ ထိုးပေးနေကြောင်း သတင်းရရှိသည်။ တာလောကြီးကျေးရွာဘက်ကမ်းမှ တစ်ဖက်ကမ်းသို့ စက်လှေဖြင့်ပို့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေသည့် ကျွဲ၊ နွားကောင်ရေ သောင်းဂဏန်းခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောကြားသည်။

7Day Daily