Home » » ပုဒ်မ ၁၈ပြန်လည်သုံးသပ်ရေး ဒီချုပ်ပါတီ လွှတ်တော်တင်မည်

ပုဒ်မ ၁၈ပြန်လည်သုံးသပ်ရေး ဒီချုပ်ပါတီ လွှတ်တော်တင်မည်

Written By Unknown on Sunday, September 1, 2013 | 1:20 PM

နေပြည်တော်- ဒီမိုကရေစီစံနှုန်း နှင့် ကိုက်ညီမှုမရှိဟု ဝေဖန်ခံနေရသည့် ဆန္ဒပြခွင့်ဥပဒေကို ပြန် လည်သုံးသပ်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“အခုဟာက ဆန္ဒပြခွင့် ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုတယ်ဆိုတာ အန်တီတို့လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက လက်ခံထားပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ အန်တီတို့ ကိုယ်စားလှယ်တစ်ယောက်က ဒီကိစ္စကို အဆိုတင်သွင်းဖို့ရှိတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

ဥပဒေအချို့နှင့် စည်းမျဉ်းစည်းကမ်းအချို့သည် လိုအပ်ချက်များ ရှိနေသောကြောင့် တရားမ၀င်ဆန္ဒပြမှု အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ယခုလအတွင်းတွင်လည်း လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူအချို့သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ကိုပယ်ဖျက်ပေး ရန်တောင်းဆိုမှုများ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါဥပဒေပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံသားများ၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုအခွင့်အရေး ကိုဖိနှိပ်ထားကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြဝေဖန်ထားသည်။

7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း