Home » » စာရင်းစစ်ဝန်ထမ်းအား သေနတ်ဖြင့် ပစ်သောတပ်ထိန်းကို လူသတ်မှုဖြင့် အမှုဖွင့်

စာရင်းစစ်ဝန်ထမ်းအား သေနတ်ဖြင့် ပစ်သောတပ်ထိန်းကို လူသတ်မှုဖြင့် အမှုဖွင့်

Written By Unknown on Sunday, September 1, 2013 | 1:24 PM

ရန်ကုန်- စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသာဇော်ကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ တပ် ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ဖွင့်၍ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

“တပ်ကစုံစမ်းစစ်ဆေးပြီး ရင်လွှဲပေးရတယ်။ တပ်ကဆိုတော့ စစ်ဘက်ရော၊ အရပ်ဘက်ရော နှစ်မျိုးလုံးနဲ့အရေးယူရပါ တယ်”ဟု ရဲမှူးသာဇော်က ဆိုသည်။

သြဂုတ် ၂၇ ရက်က ပူတာအိုမြို့စားသောက်ဆိုင်တစ်ဆိုင် တွင် စာရင်းစစ်ဝန်ထမ်းတစ်ဦးအား တပ်ထိန်းတပ်မှ ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ပစ္စတိုနဲ့ပစ်သတ်သွားတာ၊ သေတဲ့သူက အရက်မသောက်ထားဘူးလို့ သိရတယ်””ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူတာအိုခရိုင်တာဝန်ခံဦးယောဆီက ပြောသည်။

သေဆုံးသွားသူသည် မန္တလေးမြို့မှဖြစ်ပြီး ပူတာအိုစာရင်းစစ်ရုံးတွင် တာဝန်ကျသည်မှာ မကြာသေးဟုလည်း ဒေသခံများကဆိုသည်။

“စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်တော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးလို့မရသေးပါဘူး”ဟု ရဲမှူးသာဇော်က ပြောကြားသည်။

7Day News Journal