Home » » ၁လုံး၊ ၂လုံး၊ ၃လုံး ပုန်းနိုင်လို့ လွတ်ရို့လား၊ လောင်းကစားတွေ နှိမ်နင်းတော့မည်တဲ့

၁လုံး၊ ၂လုံး၊ ၃လုံး ပုန်းနိုင်လို့ လွတ်ရို့လား၊ လောင်းကစားတွေ နှိမ်နင်းတော့မည်တဲ့

Written By Unknown on Sunday, September 1, 2013 | 1:09 PM

ဒီကနေ့ အလုပ်လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှ(နာမည်လွှဲထား)တစ်ယောက်
ပုံမှန်ရွေ့လျားနေသော နာရီစည်းချက်အသံနှင့်အတူ ရင်ခုန်သံမြန်နေသည်။ညနေ
၎ နာရီခွဲအချိန် နီးလာလေလေ  ရင်ခုန်သံပို၍ မြန်လာလေလေ၊ မဖြစ်တော့ မဖြစ်
တော့အလုပ်ကို လက်စသတ်ပြီး မိမိတဲအိမ်လေးရှိရာသို့ ကတိုက်ကရိုက်ပြန်လာခဲ့
သည်။ ရပ်ကွက်လမ်းမထိပ် ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေါ်မြမြခင်က “ဟဲ့.. မတင်
လှ ဘယ်လိုဖြစ်နေတာတုန်း”ဟု မေးလိုက်သည်ကိုပင် မကြားယောင်ပြုနေမိ
သည်။လူနှင့်စိတ်မကပ်တော့ဘူးဟု ပြောချင်လည်း ပြောကြပါစေတော့။

မှန်ပါသည်။ သည်တစ်နေ့တော့ ညက အိပ်မက်ကောင်းကြောင့် မတင်လှတစ်
ယောက် လူတစ်ခြားစိတ်တစ်ခြား ဖြစ်နေသည်။အလုပ်လုပ်ရတာကို စိတ်မဖြောင့်၊
မတင်လှက ရပ်ကွက်အတွင်းရှိ အိမ်တွေကို အ၀တ်လိုက်လျှော်ပေးနေရသူ။သွက်
သွက်လက်လက်ရှိ၍ အိမ်ရှင်မတော်တော်များများက သဘောကျကြသည်။ သူ့
တစ်နေ့ဝင်ငွေကလည်း အိမ်သုံးလေးအိမ်လောက် အ၀တ်လျှော်ပေးလိုက်လျှင်
တစ်အိမ်က နှစ်ရာ၊ တစ်အိမ်က ၃၀၀ စသဖြင့် စုစုပေါင်း တစ်နေ့တစ်ထောင်နီးပါး
လောက်ရသည်။သို့သော် လုပ်အားခရငွေထဲက တစ်ဝက်လောက်ကိုတော့ ကံစမ်း
ကြည့်လေ့ရှိသည်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို မည်သူမျှမသိ၊ ကံတစ်ချက်
ကောင်းလိုက်လျှင် တင်လှတို့ ဘ၀ပြောင်းပြီ။ရွှေတွဲလဲ ငွေတွဲလဲဖြင့် ဟန်ကျတော့
မည်။ ညကလည်း အိပ်မက်ကောင်းသည်ကိုး။ အိပ်မက်ထဲမှာ အံ့သြစရာ ၄၂ ဆို
သည့် ဂဏန်းကို ထင်ထင်ရှားရှားကြီး တွေ့နေရသည်။ဒီလိုသေချာတာမျိုးတော့
အလွဲ မခံနိုင်။ မနက်အလုပ်မသွားခင်ကတည်းက ငွေ ၇၀၀ ဖိုး အောထည့်လိုက်
သည်။ အိမ်နီးချင်း ကုန်စိမ်းရောင်းနေသည့် မအေးကြင်က “ဟဲ့ကောင်မနံပါတ်
ကောင်းလေးရှိရင် လက်တို့စမ်းပါ”တဲ့။ ဒါတော့ ဘယ်ဖြစ်မလဲ။ အိပ်မက်ထဲမှဘယ်
သူ့ကိုမှ မပြောနဲ့ဆိုတဲ့အသံကို ကြားလိုက်ရသမို့ ပါးစပ်ပိတ်ကာ မြုံစိလုပ်နေရ
သည်။ ကိုယ့်အိပ်မက် ဂဏန်းကို ပြောဖြစ်လျှင် ကြိမ်းကျေသွားပြီး ပေါက်ဂဏန်း
လွဲသွားလျှင် ခက်ချေတော့မည်။ဒီပေါက်ဂဏန်းလေးက ညနေ ၄နာရီခွဲ ဆိုလျှင်
မတင်လှရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတော့မည်ကော။ စိတ်အပူဖြင့်
အတွေးတွေ ယောက်ယက်ခပ်ရင်း ပြန်လာသည့် မတင်လှ ခြေလှမ်းတွေက ၀င်း
ကြားထဲ ချိုးအကွေ့တွင် ဝေါကနဲ အသံတွေ ကြားလိုက်ရသည်။ နှစ်လုံးထီဂဏန်း
စလောင်းဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ဆီက လွင့်မျောလာသည့်အသံ။ တစ်
ရပ်ကွက်လုံး ပွက်ပွက်ညံသွားစေသည့် ဂဏန်း နံပါတ် ၄၈ တဲ့၊ ၄၈ တဲ့။ မတင်လှ
တစ်ယောက် ဟင်ကနဲဖြစ်ရင်း တစ်ခဏမျှ ငေးငိုင်ကျသွားသည်။သူထိုးတဲ့ဂဏန်း
က ၄၂၊ ထွက်လာသည့်ဂဏန်းက၄၈၊ဂဏန်းနံပါတ်မှားသွားတာနဲ့ လက်ထဲရလာ
မယ့် ငွေထုတ်လွတ်ကျသွားရတဲ့အဖြစ်၊ဘယ်တတ်နိုင်မလဲ၊ မနက်ဖြန်အတွက်
မျှော်လင့်ချက်တွေရှိသည်။ စနေ၊ တနင်္ဂနွေနှစ်ရက်မှလွဲ၍ မတင်လှအတွက် မျှော်
လင့်ခြင်းမနက်ဖြန်တွေရှိနေပါသည်။

တကယ်တော့ အခြေခံ လူတန်းစားအတွက် ဆင်းရဲမွဲတေခြင်းနှင့်လောင်းကစား
က ဖွားဖက်တော်ပမာ ပူးကပ်နေလျက်ရှိသည်၊လောင်းကစားမပျောက်သရွေ့
ဆင်းရဲ မွဲတေမှုမှ ရုန်းထွက်နိုင်ဖို့ မလွယ်ကူလှပေ။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအစီအစဉ်အရ လက်ရှိဆင်းရဲနွမ်းပါးမှု
၂၆ ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းသို့ လျော့ချမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ပြောကြားထားပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ချဲထီနှင့်လောင်းကစား
လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းနှိမ်နင်းရန်နိုင်ငံတော်သမ္မတကလမ်းညွှန်
ထားကြောင်း သိရှိရသည်။

မန္တလေးမြို့ ဒေသခံတစ်ဦးက “အပြင်မှာလည်း ကြားနေရတယ်။ ဟိုနေ့ကလည်း
VOICE Daily Vol(1).No(120)မှာလည်း  ဖတ်လိုက်ရတယ်။ မွေးမြူရေး၊ ရေလုပ်
ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး ဦးအုန်းမြင့်က
ပြောတာတဲ့။ အဲဒီထဲမှာ “ပြည်ထဲရေးဝန်ကြီးကို ပြောတော့ဝန်ကြီးချုပ်တွေနဲ့ ပြ
ဿနာ တက်လိမ့်မယ်လို့ ပြောတယ်။ တက်ရင် တက်ပါစေ၊ ပြည်ထဲရေးပြောမရ
ရင် ၀န်ကြီးချုပ်တွေပြောပြီး မဖြစ်ဖြစ်အောင်လုပ်နိုင်သမျှလုပ်မယ်”ဆိုပြီးရေးထား
တယ်။

လောင်းကစားတွေ နှိမ်နင်းမယ်ဆိုတော့ ကောင်းတယ်။ ဦးအုန်းမြင့်ရဲ့ စိတ်ဓာတ်
ကိုလည်း ချီးကျူးပါတယ်။ ဒါပေမယ့် စဉ်းစားမိတာက နိုင်ငံတော်သမ္မတက ညွှန်
ကြားထားတဲ့ကိစ္စကို ပြည်ထဲရေးဝန်ကြီးက ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်
မယ်လို့ပြောတာ တစ်မျိုးကြီးဖြစ်နေတယ်။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီး
တွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ခန့်အပ်ထားတာပဲ။
နောက်ပြီး ပြည်ထဲရေးဝန်ကြီးက ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ်ဆို
တော့ လောင်းကစားကိစ္စတွေကို ၀န်ကြီးချုပ်တွေကပဲကိုင်တွယ်ထားသလိုဖြစ်နေ
တယ်။မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့ ကိစ္စအကောင်အထည်ဖော်စေချင်တယ်”
လို့ ပြောပြသည်။

၎င်းက ဆက်၍ “ဒီနှစ်လုံး၊ သုံးလုံး၊ လောင်းကစား၊ ဘောလုံးလောင်းကစားတွေ
ကို နှိမ်နင်းမယ်ဆိုရင် တော်တော်လုပ်ယူရမှာ။ ဘာလို့လဲဆိုတော့ လူတွေထဲမှာ
အမြစ်တွယ်နေပြီ။ ရုံးဝန်ထမ်းတွေလည်း ပါတာပဲ။ဒါက၁၉၆၈မှာမြ၀တီ၊မဲဆောက်
က အလုပ်သမားတွေ အလုပ်မရှိလို့ထိုင်းထီနောက်ဆုံး၃လုံးဂဏန်းလောင်းကစား
လုပ်ရင်းစတာ။ ၁၉၆၉ မှာ တရားဝင်ချဲထီပေါ်လာပြီ။ ၁၅ ရက်တစ်ကြိမ်၊ ငွေရှိတဲ့
လူတွေ ဒိုင်လုပ်ကြတယ်။ ၁၀၀၀ ဖိုးထိုးရင် အဲဒီခေတ်က ၆သိန်းရတယ်။ အခု ၅
သိန်းရတယ်။ ဆိုလိုတာက ချဲထီသက်တမ်း ၄၅ နှစ်ရှိတာကို ပြောတာ။ နှစ်လုံးထီ
လည်း ဗမာထီနောက်ဆုံးဂဏန်း ၂လုံးကနေ တစ်လခုနစ်ရက်၊တစ်ရက်တစ်ကြိမ်
ကနေ စခဲ့တာ။ အခု ဗမာထီက တစ်ရက်ထဲဖွင့်တော့ ထိုင်းကစတော့ရှယ်ယာဈေး
ကွက်ဂဏန်းကို တစ်ရက်ထဲမနက်နေ့လည်ညနေကစားကြတယ်။ များသောအား
ဖြင့် နေ့လည်၊ ညနေနှစ်ကြိမ်ပေါ့။ သူက တစ်ရာဖိုးပေါက်ရင် ရှစ်ထောင်ရတယ်။
ဆူလွယ် နပ်လွယ်၊ ဘောလုံးဆိုလည်း ဒီအတိုင်းပဲ။ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊
ယူရိုပါလိဂ်၊ ပွဲစဉ်တွေ တစ်နှစ်လုံးပဲ။ အသင်းပေါင်း ၁၀၀နီးပါးရှိတယ်။ နိုင်ငံစုံအ
သင်းတွေ မပါသေးဘူး။ မောင်း၊ ဘော်ဒီ၊ လယ်ဘယ်၊ ပတ်မောင်း၊ ပတ်ခွေ၊ စုံနေ
တာပဲ။ ဘောလုံးမှာတော့ မောင်းထိုးကြတာများတယ်။သုံးမောင်းကနေ ရှစ်မောင်း
ထိ၊ တစ်ပွဲအောင်တိုင်း ဆတိုးရတယ်။ ရှစ်ပွဲအောင်ရင် ၁ကနေရှစ် ထိဆတိုး၊၅၀၀
မောင်းဆိုရင် ခုနှစ်သောင်းကျော်ရတယ်။ အကောက်(ဒိုင်)က ၁၅ရာ ခိုင်နှုန်းစား
တယ်” ဟု ပြောသည်။

လောင်းကစားလက်ခွဲဒိုင်တစ်ဦးက “ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ်လည်း မဖြစ်နိုင်
ဘူး။မဖြစ်နိုင်ဘူးဆိုတာကကျွန်တော်တို့ကအားလုံးချိတ်ပြီးသား၊ကွန်တက်ရှိတယ်။
အရေးအကြောင်းရှိရင် ဖုန်းကြိုဆက်တယ်။ email နဲ့ပို့တယ်။ Viber နဲ့ ပို့ တယ်။
ခေတ်က တိုးတက်နေတော့ အရေးပေါ်အထူးစီမံချက်ရှိတဲ့ တစ်ပတ်ဆယ်ရက်ပဲ
နားတယ်။ အခုလည်း ပုံမှန်ပဲ။ နေ့မှာ နှစ်လုံး၊ ညမှာ ဘောလုံးပဲ။ ပုံမှန်လိုင်းကြေး
ပေးနေသရွေ့ ဘယ်မှမဖြစ်ဘူး။ လိုင်းကြေးမရှိရင်တော့ ဖမ်းတယ်”ဟု ပြောပြ
သည်။

ရပ်ကွက်နေပြည်သူတစ်ဦးက “ကျွန်မဟိုတစ်လောကဆင်းရဲနွမ်းပါးမှုလျော့ချရေး
ဆိုပြီး သမက ငွေငါးသောင်းချေးပေးတယ်။ အစုငွေ ၅၀၀၀ထည့်ခဲ့ရပြီး စာအုပ်ဖိုး၊
ဘာဖိုး၊ ညာဖိုးနှုတ်တော့ လေးသောင်းလေးထောင်ကျော်ကျန်တယ်။ အဲဒီငွေနဲ့
လမ်းဘေးမှာ မုန့်ပျားသလက်ပဲ ထိုးရောင်းလို့ရမယ်။ ဒါတောင် စည်ပင်ကို တစ်
ရက် ၂၀၀ ကျပ်ပေးရဦးမှာ။ ဒါနဲ့ နှစ်လုံးကစားတာ။ နှစ်ပတ်နဲ့ကုန်သွားတယ်။ချဲက
လည်း တစ်လုံးလွဲသွားတာ။ မလွဲရင် နှစ်ထောင်ဖိုး ဆယ်သိန်းလောက်ရမယ်”လို့
ပြောပြသည်။

လောင်းကစားသမားကိစ္စများနှင့် ပတ်သက်၍ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံး၊ ဖဲဝိုင်း
များအား အမှန်တကယ်နှိမ်နင်းသင့်ကြောင်း၊ လောင်းကစားဒိုင်များနှင့် ပတ်သက်
သူများ ဌာနဆိုင်ရာ အာဏာပိုင်များကိုလည်း စိစစ်အရေးယူသင့်ကြောင်း အများ
ပြည်သူများကိုလည်း အသိပညာပေးသင့်ကြောင်း ၀န်ကြီးချုပ်တွေနဲ့ ပြဿနာ
တက်မှာကြောက်နေရင် ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိစ္စ ၂၆ ရာ
ခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ကျမသွားသည့်အပြင် ရာခိုင်နှုန်းများစွာ တက်
လာနိုင်ကြောင်း ပြည်သူများက ဝေဖန်သုံးသပ်လျက်ရှိသည်။

ချစ်ငယ်

The Light of Mandalay