Home » » ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံသုံးပစ္စည်းများ စွန့်ပစ်မှု စနစ်တကျရှိရန် လိုအပ်

ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံသုံးပစ္စည်းများ စွန့်ပစ်မှု စနစ်တကျရှိရန် လိုအပ်

Written By Unknown on Sunday, September 1, 2013 | 1:03 PM

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးပစ္စည်းများ
စွန့်ပစ်ရာတွင် ကြွပ်ကြွပ်အိတ်မည်းများဖြင့် ထည့်သို၍ မြို့နယ်စည်ပင်သာယာ
အမှိုက်ကား သယ်ဆောင်နိုင်ရန် ဆောင်ရွက်ထားရှိသော်လည်း မြို့နယ်စည်ပင်
သာယာအမှိုက်သိမ်းသည့်ကား အချိန်မီရောက်လာမှုမရှိခြင်း၊အချို့ အမှိုက်များ
ပြန့်ကျဲပြီး ပတ်ဝန်းကျင်သို့ အနံ့ဆိုးများ မခံမရပ်နိုင်အောင် ထွက်ရှိနေကြောင်း
သိရသည်။

“ဆေးရုံစွန့်ပစ်အမှိုက်တွေကို အိတ်တွေနဲ့ထည့်ပြီး စွန့်ပစ်ထားတာပါပဲ။ ဒါပေမယ့်
ဆေးရုံသုံးပစ္စည်း၊ အနာဂွမ်လိပ်တွေ၊ ဆေးရုံသုံးအပ်တွေ၊ ပိုက်တွေ၊ကလေးမွေး
လူနာတွေရဲ့စွန့်ပစ်ပစ္စည်းတွေ၊ဟိုရက်ပိုင်းတုန်းကဆိုရင်သားလျှောကျတဲ့ကလေး
ငယ်လေးတောင် ပါလာသေးတယ်ဆိုတော့ ဒီဘက်မှာ ပုပ်စော်တွေနံနေတယ်။
အခုလည်း ဒီဆေးရုံအပေါက်ဝမှာပုပ်စော်နံနေတာ လေးငါးရက်ရှိပြီ။ အဖြေမပေါ်
သေးဘူးနောက်ပြီးခက်နေတာကဆေးရုံသုံးပစ္စည်းစွန့်ပစ်တဲ့နေရာကစားသောက်
ဆိုင်တွေ၊ ဈေးဆိုင်တန်းတွေနေရာမှာ လာစွန့်ပစ်နေတာပါ။ စည်ပင်သာယာက
လည်း ဆေးရုံသုံးစွန့်ပစ်ပစ္စည်း အမှိုက်တွေကို ကလေးမြို့လယ်က ဥပုသ်ချောင်း
ဘေးမှာ စွန့်ပစ်နေတယ်” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် အစိုးရပြည်သူ့ဆေးရုံကြီးတစ်ရုံ၊ တပ်မတော် စစ်ဆေးရုံတစ်ရုံ၊
အခြားပုဂ္ဂလိက ဆေးရုံကြီးများ၊ ဆေးခန်းများ အများအပြားရှိနေရာ ဆေးရုံသုံး
စွန့်ပစ်ပစ္စည်းမျိုးစုံတို့ကို စနစ်တကျ စွန့်ပစ်ရန်လိုအပ်နေသည်။ ယခုအခါ သက်
ဆိုင်ရာ ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများကို ထုတ်ပိုး
စွန့်ပစ်မှုရှိသော်လည်း စည်ပင်သာယာ အမှိုက်သိမ်းသူများ၏ အချိန်မှန်ဆောင်
ရွက်မှုမရှိခြင်း၊ အမှိုက်အိတ်များ ဖောက်ဖျက်ရှာဖွေယူငင်မှုများရှိနေခြင်းနှင့် သုံးစွဲ
ပြီး ဆေးထိုးအပ်ပိုက်များ ပြန့်ကျဲနေခြင်းတို့ကြောင့် မလိုလားအပ်သော အန္တရာယ်
များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေ
ကြောင်း သိရသည်။

ပန်းချယ်ရီ
The Light of Mandalay