Home » » အင်းလေး ဟိုတယ်ဇုံ စီမံကိန်းရှိ လျှော်ကြေး မယူသောမြေမှ လယ်သမားအား စခန်းမှူးမှ ရိုက်နှက်ခြင်း

အင်းလေး ဟိုတယ်ဇုံ စီမံကိန်းရှိ လျှော်ကြေး မယူသောမြေမှ လယ်သမားအား စခန်းမှူးမှ ရိုက်နှက်ခြင်း

Written By Unknown on Sunday, August 11, 2013 | 5:09 PM

ညောင်ရွှေ ၊ ၁၁-၈-၂၀၁၃။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်၊ အင်းလေး ဟိုတယ်ဇုံရှိ မြေယာပေါ်တွင်၊ လျှော်ကြေးရယူ ထားခြင်းမရှိသော ကိုအောင်ကျော်မျိုးပိုင် လယ်ယာမြေတွင် ၊ ဟိုတယ်ဇုံ စီမံကိန်း ဖော်ထုတ် နေသော စွန့်ပစ် မြေစာများကို ယနေ့ ၁၁-၈-၂၀၁၃ နံနက် ၁၀း၃၀အချိန်ခန့်တွင် လာရောက် စွန့့်ပစ်သဖြင့်၊ ကိုအောင်ကျော်မျိုး၏ အကိုဖြစ်သူ ၊ ကိုသိန်းထွန်းမှ ၊ လာရောက်မပုံရန် တားဆီးခဲ့ပါသည်။

ထိုသို့ တားဆီးရာမှ အချင်းဖြစ်ပွားပြီး၊ နမ့်ပန်ရဲစခန်းမှ ရဲသား(၅၀)ခန့် အင်အားမှ ဝန်းရံပိတ်ဆို့ ထားကာ၊ နမ့်ပန် စခန်းမှူး စိုင်းနော်ခမ်းလွင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ ဝင်များက ကိုသိန်းထွန်းအား၊ လည်ပင်းကို ဝင်ရိုက်ပြီး၊ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း အကြမ်းဖက် နှိပ်စက်ခဲ့ သဖြင့် နမ့်ပန် ဆေးရုံသို့ တက်ရောက် ဆေးကုသနေရပါသည်။

ယခုအချိန်ထိ ကိုသိန်းထွန်းမှာ၊ အစာမျို၊ ရေမျိုလို့ မရသေးကြောင်း သိရှိရပြီး၊ ဓါတ်မှန်ရိုက်ပြီး သေချာစစ်ရဆေးရမည်ဟု ကိုအောင်ကျော်မျိုးမှ ပြောပြပါသည်။

အချင်းဖြစ်ပွားပြီနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်မှ ညှိနှိုင်းသည့် လျှော်ကြေး လာယူလျှင်ယူ၊မယူလျှင် အရှုံးဟု ပြောပါသည်။

ဟိုတယ်ဇုံစီမံကိန်းတွင် တောင်သူ၁၈ ဦးမှ လျှော်ကြေးမယူသဖြင့် ပုဒ်မ၁၈၈၊ပုဒ်မ၃၅၃၊ ပုဒ်မ၅၀၅ တို့ ဖြင့်တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရပါသည်။

နောက်ဆုံးလွှတ်တော်ဆုံးဖြတ်ချက်အရ သိမ်းထားသော မြေယာများအားစီမံကိန်းအားအဆောက်အဦးများမဆောက်လုပ်သေးပါက ပိုင်ရှင်သို့ ပြန်လည်အပ်နှံရမည်ဟု ဆုံးဖြတ်ခဲ့ ကြောင်းသိရသည်။

လေးကြီး-(ရှမ်းပြည်)

by Myanmar News Now