Home » » မြန်အောင် ရေနံမြေ ကားပေါ်မှ ကလေးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

မြန်အောင် ရေနံမြေ ကားပေါ်မှ ကလေးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

Written By Unknown on Sunday, August 11, 2013 | 12:39 PM

သြဂုတ်လ ၁၁ ရက်နေ့ 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ  ဘုန်ကြီးကျောင်းသား လေးတစ်ဦး မြန်အောင် ရေနံမြေကားပေါ်မှ မောင်းနေစဉ် ကြမ်းပေါက်ကျွံကျပြီး နေရာတွင်ပင် သေဆုံးမှု တစ်ခု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅း၀၀နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့သည်။

အဆိုပါ အုန်းလက် ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆို သံဃာတော်များ အတွက် မြို့ပေါ်ရှိ တနင်္ဂနွေ ဆွမ်းကျောင်းသို့ဆွမ်းခံရန် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား မောင်အောင်မင်းထက်  အသက်(၁၁)နှစ်သည် ဆွမ်းခံပြီး အပြန်  ကားကြမ်းပေါက်ကျွံကာ ကားပေါ်မှ ထွက်ကြပြီး ရှားတောကျေးရွာ ဇရပ်ကြီးအနီး ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

အဆိုပါကားမှာ မြန်အောင်ရေနံမြေမှ (၅)တန်ယာဉ်မောင်း ဦးလှိုင်သိန်းမောင်းနှင်သော ကားဖြစ်ပြီး     ၎င်းဘုန်းကြီးကျောင်းမှ သံဃာတော်များ မြို့တွင်းသို့ဆွမ်းခံကြွရာတွင် အဆင်ပြေစေရန် အမြဲတမ်းအကူအညီပေးနေသော ကားဖြစ်ကြောင်းနှင့် သေဆုံးသူ မောင်အောင်မင်းထက်မှာ ဘုန်းတော်ကြီးကျောင်းသား တစ်ဦးဖြစ်ပြီး ရှမ်းကွင်းကျေးရွာ ဇာတိဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

ရှားတောသား

by Myanmar News Now