Home » » ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးအိမ် လွှတ်တော်အမတ်သားက ကားနဲ့ဝင်တိုက်

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးအိမ် လွှတ်တော်အမတ်သားက ကားနဲ့ဝင်တိုက်

Written By Unknown on Sunday, August 11, 2013 | 5:26 PM

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် ဆပ် ယာဉ်အမှတ် ၄စ/၄၈၂၂ က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်တွင် တောင်မှမြောက်သို့ ယာဉ်မောင်းဖြစ်သူ ခွန်ပြည့်စုံထွန်းမှောင်းနှင်လာသည့် ဟိုင်းလတ် ဆပ်ယာဉ် အမျိုးအစားသည် ရှမ်းပြည်နယ် သတ္တုနှင့် သစ်တော ၀န်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်အနီး အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ နေအိမ်ဂိတ် တံခါးမကြီးကို ၀င်တိုက်ခဲ့ခြင်းဟု တောင်ကြီးမြို့ မြို့မရဲစခန်းမှ အမည်မဖေါ်လိုသည့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

"ယာဉ်မောင်းလာတဲ့ ကောင်လေးက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်၊ ပန်သခွား အထကမှာ ကျောင်းတက်နေတဲ့ ၁၀တန်းကျောင်းသားပါ၊ ကားတိုက်တော့ ကားထဲကကလေအိတ်ထွက်လာတာနဲ့ သူကတော့ဘာမှ မဖြစ်ပါဘူး၊ ကားတော့ရှေ့တစ်ခြမ်း လုံးကြေပြီး၊ ဘီးလည်းကွဲသွားပါတယ် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး" ဟု အဆိုပါ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က ပြောသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်းသူ ခွန်ပြည့်စုံထွန်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးတွင် ခေါ်ယူစစ်ဆေးလျက်ရှိပြီး ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးပါ။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese