Home » » တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် လက်မှတ်ထိုးနိုင်တော့မည်ဟု သမ္မတပြော

တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် လက်မှတ်ထိုးနိုင်တော့မည်ဟု သမ္မတပြော

Written By Unknown on Wednesday, August 14, 2013 | 6:08 PM

သမ္မတ ဦးသိန်းစိန်က မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေးကို မကြာခင်မှာ လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ပြောကြားပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းတွေကို အားထုတ်ဆောင်ရွက်ကြဖို့ ဒီနေ့ ကတိပြုပြောကြားသွားပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ ဒုဝန်ကြီးတွေအတွက် နေပြည်တော်မှာ ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားမှာ သမ္မတက သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောသွားတာပါ။

ဒီအခမ်းအနားကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားလိုင်းတွေကနေ တိုက်ရိုက်လွှင့်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲပတို့နဲ့ အပစ်အခတ် ရပ်စဲရေးအတွက် မပြတ် ထိတွေ့နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း အသီးသီး လုပ်နေပါတယ်လို့ သမ္မတက ဆိုပါတယ်။

နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေးအတွက်ကတော့ လွှတ်တော်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ တတိယလုပ်ငန်းအဆင့် ဆက်လုပ်သွားရဦးမယ်လို့လည်း ပြောပါတယ်။

လက်ရှိအစိုးရရဲ့ ၅ နှစ် သက်တမ်းမှာ ကျန်ရှိနေတဲ့ လပေါင်း ၃၀ အတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်တွေကို ဆောင်ရွက်နိုင်ဖို့ အားထုတ်ကြိုးပမ်းကြဖို့လည်း သမ္မတက တိုက်တွန်းသွားပါတယ်။

by ဒီဗွီဘီ