Home » » ထောက်ကြန့်လမ်းဆုံကားမှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ထောက်ကြန့်လမ်းဆုံကားမှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

Written By Unknown on Wednesday, August 14, 2013 | 6:55 PM

ရန်ကုန်၊ သြဂုတ် ၁၄

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရ၍
ဖြစ်စဉ်အားစုံစမ်းမေးမြန်းရာ ညီဖြစ်သူနှင့်သူငယ်ချင်းတို့သည်လှိုင်သာယာ မြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက်အလှဆင်လုပ်ငန်း လုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်- မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါအရက်မူးနေသူအသက် (၂၃)နှစ်ခန့်ရှိခရီးသည်အမျိုးသား တစ်ဦးနှင့် ညီဖြစ်သူ၏သူငယ်ချင်းဖြိုးဝေအောင်တို့စကားများ
ခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍ ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသောဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူပြည့်စုံထွန်းမှာ ဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ဓါးဖြင့်ထိုးခဲ့သူအမည်မသိအမျိုးသားအား စုံစမ်းအရေးယူပေးရန် ဦးသူရိန်ထွန်းမှတိုင်ကြားခဲ့၍ ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်အထူး မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်ပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့ နယ်၊ ဆက်သွားတောကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးဟန်ထွန်းမှ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သဖြင့် ၎င်းအား ၁၄.၈.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police