Home » » ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဒလမြို့နယ်မှ လုယက်မှု တရားခံအား ဖမ်းဆီးရမိ

ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဒလမြို့နယ်မှ လုယက်မှု တရားခံအား ဖမ်းဆီးရမိ

Written By Unknown on Wednesday, August 14, 2013 | 7:02 PM

ရန်ကုန်၊ သြဂုတ် ၁၄

၁၆.၆.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် ဒလမြို့နယ်နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးအေးမောင်သည် မလိခလမ်းထိပ်မှ ပျော်ဘွယ်လေးကျေးရွာသို့ အမျိုးသား(၂)ဦးမှ ဆိုင်ကယ်ကယ်ရီ ငှားသဖြင့် လိုက်ပို့ခဲ့ရာ ပိတ်စွယ်ကျေးရွာ အရောက်တွင် ၎င်းအမျိုးသား (၂)ဦးမှ သူငယ်ချင်း ဖြစ်သူအား မတွေ့သဖြင့် ဒလသို့ပြန်ပို့ခိုင်း၍ ပြန်လည်မောင်းနှင်လာစဉ် ၁၇.၆.၂၀၁၃ ရက်နေ့ ၀၀၁၀ အချိန်ခန့်၌ ဒလမြို့နယ်၊ အုန်းပင်ချောင်း တံတားအဆင်း တာကြီးကျေးရွာအနီး အရောက်တွင် အဆိုပါ အမျိုးသား (၂)ဦးမှ ဆိုင်ကယ်အား ရပ်ခိုင်းပြီး ဦးအေးမောင်အား ဓါးဖြင့်ထိုး၊ ထီးဖြင့်ရိုက်ကာJLM 125 အနက်ရောင်ဆိုင်ကယ်အား ယူဆောင် ထွက်ပြေးသွားသဖြင့် ဒလမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၃၊ ပုဒ်မ ၃၉၂ ဖြင့်
အမှုဖွင့်အရေးယူ စုံစမ်းခဲ့ပါသည်။

အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်း ဆောင်ရွက်ခဲ့ရာ ဒလမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်နေသူ ၀င်းထွဋ်ဝင်းနှင့် ဆန်းသက်ဝေ ဆိုသူတို့မှကျူးလွန်ခဲ့ကာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိခဲ့ပြီး ၀င်းထွဋ်ဝင်း၊ (ဘ)ဦးအောင်မြင့်အား ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေရဲစခန်းအပိုင်၌ ပြစ်မှုကျူးလွန်ထား၍ ဖမ်းဆီးထားရှိ
ကြောင်းသိရှိရသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ၎င်းနှင့်ဆန်းသက်ဝေ (စုံစမ်းဆဲ)တို့(၂)ဦးကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အမှုမှသက်သေခံ ဆိုင်ကယ် အားပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူ လျက်ရှိပါသည်။

ဖမ်းဆီးရမိသူ ၀င်းထွဋ်ဝင်းအား အခြားအမှုများဖြင့် ဆက်လက်ဖော်ထုတ် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၃ခုနှစ်၊ ဇွန်လအတွင်းက ဒလမြို့နယ်၊ ဆာဖာချောင်ရပ်ကွက်အတွင်းမှ အနက်ရောင် Dayan 110 အမျိုးအစား ဆိုင်ကယ် (၁)စီးအားခိုးယူပြီး ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး ဒလမြို့မရဲစခန်း (ပ)၃၅၇/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်ထပ်မံ အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police