Home » » အီဂျစ် သပိတ်စခန်းတွေကို ဖြိုခွင်းပြီ

အီဂျစ် သပိတ်စခန်းတွေကို ဖြိုခွင်းပြီ

Written By Unknown on Wednesday, August 14, 2013 | 5:37 PM

အီဂျစ်နိုင်ငံ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြနေကြတဲ့ ကိုင်ရိုမြို့တော်က သပိတ်စခန်း ၂ ခုကို လုံခြုံရေးတွေက ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။

ရာဘာ အယ်လ် အက်ဒါဝီရ ဗလီနဲ့ ကိုင်ရို တက္ကသိုလ် အပြင်ဘက်က သပိတ်စခန်း ၂ ခုမှာ လုံခြုံရေးတွေက မျက်ရည်ယိုဗုံး သုံးခဲ့တဲ့အပြင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တက္ကသိုလ်ရှေ့က နာဒါစခန်းကိုတော့ ရှင်းလင်းပြီးသွားပြီလို့ ယူဆရပါတယ်။

ဆန္ဒပြကြတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောရာမှာတော့ အနည်းဆုံး ဆန္ဒပြသူ ၅၀ လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ တရားဝင် အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

လုံခြုံရေးအဖွဲ့ဝင်တွေကတော့ သူတို့ဘက်က ၂ ဦးသေ ၂ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)