Home » » ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်များမှ အကျင့်ပျက်ယာဉ်ထိန်းများအား အရေးယူစေလို

ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်များမှ အကျင့်ပျက်ယာဉ်ထိန်းများအား အရေးယူစေလို

Written By Unknown on Saturday, August 31, 2013 | 12:16 PM

မန္တလေး မိုးကုတ်လမ်းပေါ်ရှိ ရွှေကျင်မောင်းတံ၏မြောက်ဘက် ဘိုးဘိုးကြီးညောင်ပင်အနီးရှိ ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့် ကန်ပိုင် စက်ထိပ်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့သည် အရပ်သားများကို ခေါ်ယူ၍ ထိုလမ်းပေါ်တွင်ပြေးဆွဲနေသော ကားများအား နေ့စဉ်ငွေတောင်းယူနေမှုများ ရှိကြောင်း အဝေးပြေးယာဉ်မောင်းများထံမှ သိရသည်။

“ဒီနေရာကို မနက်မလင်းသေးဘူး ရောက်နေပြီ။ လာတဲ့ကား အကုန်တားတာပဲ၊ မပေးရင်တော့ လမ်းဘေး ထိုးရပ်ထား ပေတော့ပဲ၊ စကားမပြောချင်တော့ ပေးရတာပေါ့၊ အနည်းဆုံး တစ်ထောင်ကနေ ငါးထောင်အထိ ပေးရတယ်၊ ယူနီဖောင်းဝတ် ထားတဲ့ ၀န်ထမ်းယာဉ်ထိန်းရဲက ဘေးမှာ ခုံနဲ့ထိုင်နေတယ်၊ အရပ်သားတစ်ယောက်ကို ပိုက်ဆံကောက်ခိုင်းတယ်၊ အဲဒီအရပ် သားကို ယူနီဖောင်းဘောင်းဘီ ၀တ်ခိုင်းထားတယ်၊ အပေါ်ပိုင်းကတော့ စွပ်ကျယ်ချိုင်းပြတ်နဲ့ပဲ။ သဘောကတော့ သူတို့ကိုယ် တိုင် တောင်းတာမဟုတ်ပဲ ၀ိနည်းလွတ်အောင် လုပ်တာပဲ၊ ဒလံထားပြီး ပိုက်ဆံတောင်းခိုင်းတဲ့သဘောပဲ၊ ဒါမျိုးကတော့ မကောင်းပါဘူး၊ ကျွန်တော်တို့ကလည်း သူတို့နဲ့မကင်းနိုင်တော့ ပေးနေရတယ်၊ ဘာမှမဟုတ်တဲ့လူကိုတော့ ဆရာမခေါ်ချင်ဘူး၊ ယာဉ်ထိန်းကိုယ်တိုင်တောင်းရင်လည်း ကျွန်တော်တို့က ရိုရိုသေသေပေးမှာပါ၊ အခုဟာက တရားမ၀င်တောင်းနေသလို ခံစားရ တယ်” ဟု မန္တလေး၊ ဗန်းမော် ပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးက ပြည်သူ့ဆန္ဒကို ပြောသည်။

“ကျွန်တော်တို့က ဈေးကားပါ အစ်ကိုရာ၊ တောင်ပြုန်းကနေ လာတာပါ၊ ဒီနေရာနဲ့ စက်ထိပ်ကို အမြဲ ပိုက်ဆံပေးနေရ တယ်၊ ပိုက်ဆံမပေးလည်း ပါတဲ့ပစ္စည်း ယူတာပဲ၊ ငှက်ပျောသီးပါ ငှက်ပျောသီး၊ အုန်းသီးပါ အုန်းသီး၊ ဘာမှ အလွတ်မပေးဘူး၊ ဒီနားတ၀ိုက် ယာဉ်တိုက်မှုဖြစ်လို့ကတော့ ယာဉ်ထိန်းရဲနဲ့ ညှိစရာမလိုဘူး၊ သူတို့(ဒလံအရပ်သားကို ဆိုလိုသည်) နဲ့သာ ညှိလိုက် အားလုံး အဆင်ပြေသွားမယ်၊ ယာဉ်ထိန်းရဲကလည်း သူတို့ပြောတဲ့အတိုင်း လုပ်ပေးတယ်၊ အခုဟာက ယာဉ်ထိန်းရဲမကြောက်ရ ဘူး၊ ယာဉ်ထိန်းရဲက ခိုင်းတဲ့လူကို ကြောက်နေရတယ်၊ သူတို့က အမှုဖွင့်ဆိုရင် ယာဉ်ထိန်းက ဖွင့်ပေးရတယ်၊ အဲဒီလိုတွေဖြစ်နေ တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်မှာလဲ၊ အဝေးပြေးကားတွေကို ပိုက်ဆံတောင်းတာက ထားပါ။ ကျွန်တော်တို့လို ဒီနား တ၀ိုက်က ရွာကကားတွေကို ပိုက်ဆံတောင်းတာကတော့ လွန်လွန်းအားကြီးတယ်၊ ဒီနေရာတွေက တရားဝင်ထားတာလားလို့ ပြည်သူ့ဆန္ဒကနေ မေးလိုက်ချင်တယ်၊ ဘာအတွက်ထားတာလဲ သိချင်တယ်” ဟု ထီးတော်မိုးရွာသား ထော်လာဂျီမောင်းသူတစ် ဦးက ပြည်သူ့ဆန္ဒကိုပြောသည်။

“နေ့စဉ်တောင်းနေတာပါဗျာ၊ ယာဉ်ထိန်းမဟုတ်မှန်းလည်း သိပါတယ်၊ မပေးမိရင်တောင် ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်တောင်းတယ်၊ နောက်တစ်ခါ ဒီလိုလုပ်ရင် ဖမ်းမယ်လို့ပြောသေးတယ်၊ ချိန်းချောက်မှုတွေက ပါသေးတယ်၊ ကျွန်တော်တို့ သိသလောက်တော့ ယာဉ်ထိန်းရဲက နေ့တွက်ပေးပြီး ပိုက်ဆံတောင်းခိုင်းနေတယ်လို့ ပြောတယ်၊ ကြာတော့ ဒီလမ်းပေါ် ကား မောင်းစားရမှာကို ကြောက်နေပြီ” ဟု ရွှေပြည်အိုး ယာဉ်မောင်းတစ်ဦးမှ ပြည်သူ့ဆန္ဒကို ပြောသည်။

မိုးကုတ်၊ မန္တလေးလမ်းပေါ်တွင် ယာဉ်ထိန်းရဲများနှင့်ပေါင်းကာ ယာဉ်ထိန်းအယောင်ဆောင်၍ ပိုက်ဆံတောင်းခံနေမှု များကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး အရေးယူမှုများ အမြန်ဆုံးလုပ်စေချင်ကြောင်းနှင့် ထိုသို့အရေးယူမှုများ မပြုလုပ်ပါက မလို လားအပ်သောပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ နိုင်ငံတော်သမ္မတကြီးမှ အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းအောင်ဆောင်ရွက်နေသော်လည်း အောက်ခြေ၀န်ထမ်းတချို့မှာ ယခုအချိန်အထိ လာဘ် ပေး လာဘ်ယူမှုများရှိနေကြသေးကြောင်း ယာဉ်မောင်းများက ဝေဖန်နေကြသည်။

ကိုကြီးသူရ(မန်း)