Home » » တောင်ကြီးမြို့ မှာ လယ်သိမ်းခံ တောင်သူတွေ သတင်းစာ ရှင်းလင်းပွဲ ခွင့်ပြုချက်မရ

တောင်ကြီးမြို့ မှာ လယ်သိမ်းခံ တောင်သူတွေ သတင်းစာ ရှင်းလင်းပွဲ ခွင့်ပြုချက်မရ

Written By Unknown on Friday, August 2, 2013 | 8:24 PM

၂ - ၈ - ၂၀၁၃

တောင်ကြီးမြို့နယ် တစ်ဝိုက်မှာ ရှိတဲ့ လယ်မြေ သိမ်းခံရတဲ့ တောင်သူတွေ အဖွဲ့ ( ၁၄ ) ဖွဲ့ ဟာ သူတို့ရဲ့ လယ်မြေတွေ သိမ်းခံရပြီး နောက်ပိုင်း မြေယာကော်မရှင် အပါအ၀င် အုပ်ချုပ်ရေး အဖွဲ့အစည်းမျိုးစုံကို တင်ပြ တိုင်ကြား ထားခဲ့ပေမဲ့ လာရောက် ဖြေရှင်း ဆောင်ရွက် ပေးခြင်းမရှိတဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို တောင်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခမ်းမမှာ ကျင်းပဖို့ ခွင့်ပြုချက်တင်ထား ခဲ့ပါတယ် ။

ခွင့်ပြုချက်မရခဲ့လို့ ရှမ်းပြည်မျိုးဆက် အင်အားစုမှ ကိုအောင်အောင် ဟော့တ်နယူးဂျာနယ် သတင်းထောက် ဦးငွေထွန်း နဲ့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေတို့ဟာ ဒီနေ့မနက်ပိုင်းမှာ
တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူး နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ( ပြည်နယ် မင်းကြီး )  တို့ကို သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ် ။

ဆွေးနွေးတဲ့အခါ -

တောင်ကြီးခရိုင် ဦးစီးမှူးက သတင်းထောက် အမေးကိုတော့ သူခေါ်ယူထားတာ မဟုတ်လို့ အမေးအဖြေ မလုပ်နိုင်ပါဘူးလို့ ဆိုပါတယ် ။

ကိုအောင်အောင်နဲ့ ကိုနေမျိုးဝေတို့ ဆွေးနွေးတဲ့ အခါမှာတော့ ခွင့်မပြုကြောင်း ပြောတဲ့အခါ
ကိုနေမျိုးဝေက - -
မြို့နယ် အဆင့် ခရိုင်အဆင့် ထွေအုပ် / မြေစာရင်း နဲ့ ရဲတပ်ဖွဲ့တို့ကို ကျနော်တို့ရှာဖွေတွေ့ရှိချက်တွေ ပရိုဂျက်တာထိုးပြီး ပြချင်ပါတယ် ။ လူစုလူဝေး အများကြီး မလိုပါဘူး အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ
အခြေအနေမှန်တွေ ရှင်းရှင်းလင်းလင်းသိဖို့ တင်ပြချင်တယ်လို့ ဆွေးနွေးတဲ့အခါ ပြည်နယ် မှူးနဲ့ ဆွေးနွေးဖို့ တိုက်တွန်းတဲ့အတွက် ပြည်နယ်မှူး ညွှန်ကြားရေးမှူးချုပ် နဲ့ တွေ့ဆုံခဲ့ပါတယ် ။

ပြည်နယ်မှူးကို စတင်မိတ်ဆက် ဆွေးနွေးတဲ့အခါ ပြည်နယ်မှူးက အခုလိုပြောလာပါတယ် ။
ကျနော်တို့ ဒီစင်ထရာယ်လိုက်ဇေးရှင်း လုပ်နေပါတယ် ။ ခရိုင်မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်လို့ ဆိုလာပါတယ် ။

ကိုနေမျိုးဝေက ခရိုင်မှူးပြောလို့ လာရောက် ဆွေးနွေးရပါကြောင်း ပြောတဲ့အခါ အချေအတင် တင်းမာလာခဲ့ပါတယ် ။ နောက်ပိုင်း ဆက်လက် ဆွေးနွေးတဲ့အခါ မှာတော့ ခရိုင်မှူးကို ပြောပါလို့ဆိုလာပြန်တဲ့ အတွက် ခရိုင်မှူးဆီ နောက်ထပ်တစ်ခေါက် ရောက်ရပြန်ပါတယ် ။

ခရိုင်မှူးက အကြောင်းမပြန်နိုင်လို့ သတင်းစာရှင်းလင်းပွဲ မဆိုထားနှင့် အကျဉ်းနည်း တင်ပြမဲ့ကိစ္စကိုတောင် မလုပ်နိုင်ပါဘူး ။ ပါတီတွေနဲ့ အုပ်ချုပ်ရေးတွေ ပူးပေါင်းဆောင်ရွက်ရေးဟာ ယနေ့အထိ
မချောမွေ့သေးဘူးလို့ ကောက်ယူရမှာ ဖြစ်ပါတယ် ။

အလားတူ နောင်ချိုမြို့မှာ ပြုလုပ်မဲ့ ဆန္ဒဖော်ထုတ်မှုတွေ /သတင်းစာ ရှင်းလင်းပွဲတွေကိုလည်း ခွင့်မပြုခဲ့ လို့ ရှမ်းပြည်လူထု မျက်စိပိတ်နားပိတ် ပါးစပ်ပိတ်နေရပါတယ် ။

နေမျိုးဝေ

by Myanmar News Now