Home » » ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရန် ခွင့်ပြုမိန့် မရရှိသေး

ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရန် ခွင့်ပြုမိန့် မရရှိသေး

Written By Unknown on Friday, August 2, 2013 | 8:38 PM

တောင်ကြီးမြို့ - သြဂုတ်လ ၂ ရက်

ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရန် အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ဇူလိုင်လ ၁၂ ရက်နေ့ ကခွင့်ပြုမိန့် တောင်းခံ ထားကြောင်း သိရပါသည်။

ရပ်ကွက် / ရဲစခန်း ထောက်ခံစာများ လိုအပ်သည်ဆိုသဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ တွင် ထောက်ခံစာများ တောင်ယူပြီး မြို့ နယ် အုပ်ချုပ်ရေးမူးထံ ပေးပို့ ခဲ့ကြောင်း သိရပါသည်။

ဇူလိုင်လ ၃၁ ရက်နေ့ တွင် ခရိုင်အုပ်ချုပ်ရေးမူးထံ ဆက်လက် တင်ပြထားကြောင်း ပြောပြပါသည်။

ယနေ့ အချိန်ထိခွင့်ပြုမိန့် မရသဖြင့် ဖိတ်စာများ ဖိတ်ရန်၊ နေရာစီစဉ်ရန် အချိန်လုံလောက်မှု မရှိသဖြင့် အခက်အခဲများ တွေ့ ရကြောင်း ဖြစ်မြောက်ရေး ကော်မီတီ အဖွဲ့ မှပြောပါသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အနာဂတ် ပြည်ထောင်စုနှင့် တိုင်းရင်းသားဒေသဖွံ့ ဖြိုး တိုးတက်ရေး၊ လူ့ အခွင့်အရေးနှင့် စစ်မှန်သော ဒီမိုကရေစီ စနစ်တည်ဆောက်ရေး
အချက်များ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရပါသည်။

လွန်ခဲ့တဲ့ ၂၅ နှစ် ၈လေးလုံးကခွင့်ပြုမိန့် တောင်းပြီး လုပ်ခဲ့တာမပာုတ်ဘူး ငွေရတု အခမ်းအနားကို တောင်ကြီးမှာ ဖြစ်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကော်မီတီအဖွဲ.၀င်များကပြောပါသည်။

ရန်ကုန် နဲ့  မန္တလေးမှာလဲ ကျင်းပခြင်း ဖြစ်ကြောင်း တိုင်းရင်းသား ဒေသမှာ ဘယ်လို အကြောင်းနဲ.ကြန်ကြာနေခြင်းကို နားမလည်ကြောင်း ကော်မီတီအဖွဲ.၀င်များက ဆက်လက်ပြောပြပါသည်။


သတင်း/ဓာတ်ပုံ.....ကိုမိုး(မျိုးဆက်သစ်)

by Myanmar News Now