Home » » နတ်မောက်မြို့ လယ်ရှိ ဇေယျတု လက်ဘက်ရည်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွား

နတ်မောက်မြို့ လယ်ရှိ ဇေယျတု လက်ဘက်ရည်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွား

Written By Unknown on Thursday, August 22, 2013 | 6:16 AM

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့  တြိဂံလမ်းဆုံအနီး မြို့ မ ရဲစခန်းရှေ့တွင် ရှိနေသော ကိုဘိုသူ(ခ)သူရအောင်၏ ''ဇေယျတု''လက်ဘက်ရည် ဆိုင်နှင့် မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နု၏ နေအိမ်တို့ အား ၂၁/၈/၂ဝ၁၃ည အချိန်တွင် ဖောက်ထွင်း ခိုးယူခံရရာ အဆိုပါမှုခင်းကို ဖေါ်ထုတ်နိုင်ရန်အတွက် နတ်မောက်မြို့  မြို့မ ရဲစခန်းမှ အပူတပြင်း ကြိုးစားနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ၂ဝ/၈/၂ဝ၁၃ ညက ကိုဘိုသူတို့ မိသားစုသည်နံနက်တွင် ရွှေကျောင်း သို့ ဆွမ်းကပ်လှူရန် အခမ်းအနား ရှိနေခြင်းကြောင့် ပုံမှန်ညများ ထက်စော၍ အိပ်ယာဝင်ခဲ့ကြသည်။ ၂၁/၈/၂ဝ၁၃နေ့နံနက် ၂းဝဝနာရီခန့် တွင် တစ်ဝိုင်းထဲနေ သော ကိုဘိုသူ၏ ဇနီးမတိုး၏ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နုက''ဘိုသူတို့မတိုး တို့ထကြဦး၊ငါတို့အိမ်ဘက်ကိုလူဝင်တယ်နဲ့တူ တယ်။ ဘီဒိုတွေလည်းပွင့်နေတယ်''ဟုပြောမှကိုဘိုသူတို့ဇနီးမောင်နှံမှာလည်း အိပ်ယာမှ ထကြည့်ရာ မိမိအိမ်အတွင်းမှာကိုပဲ ဘီဒိုသုံးလုံး၊ စားပွဲအံဆွဲနှင့်လက်ဘက်ရည်ဆိုင်အတွင်းမှ ဈေးသေတ္တာတို့ကို လိုက်လံစစ်ဆေးကြည့်ရာ အနေအထားများပုံမှန် မဟုတ်ကြောင်းတွေ့ရသည်။

စားပွဲအံဆွဲအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော စက်ဖြတ်ရွှေလက်ကောက် ၉ကွင်း၊ အလေးချိန်သုံးကျပ် သား၊ တန်ဖိုး(၂၁၂၄၆၈၇ိ/)၊ ပတ္တမြားလက်စွပ်တစ်ကွင်း၊ အလေးချိန်ခြောက်ပဲ၊ တန်ဖိုး(၃၂၃၇၅ဝိ/)၊ ငါးထောင်တန်အရွက်၆ဝ၊(၃ဝဝဝဝဝိ)၊ ငွေစက္ကူရောရာ (၂၂ဝဝဝဝိ/)နှင့် စီဒီအမ်အေဆင်းကဒ်ပါ   ဖုန်းတစ်လုံး တန်ဖိုး (၅၄ဝဝဝဝိ/)တို့ ပျောက်ဆုံးနေပြီး၊ စုစုပေါင်းငွေကျပ်(၃၅ဝ၈၄၃၇ိ/)သုံးဆယ့်ငါးသိန်းရှစ်ထောင်လေးရာသုံးဆယ့်ခုနှစ် ကျပ်ခန့်ပျောက်ဆုံးနေကြောင်း သိရသည်။

''ဇေယျတု''လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကိုဘိုသူ(ခ)သူရအောင်က နေအိမ်အတွင်းဝင်ရောက်ပြီး ရွှေ ငွေ နှင့်စီဒီ အမ်အေဖုန်းတို့ကို ဖောက်ထွင်းခိုးယူသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် နတ်မောက်မြို့ ၊ မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တမ်းခဲ့ရာ နတ်မောက်မြို့ မြို့မရဲစခန်းမှ (ပ)၆၇/၂ဝ၁၃ဥပဒေပုဒ်မ၃၈ဝအရ အမှုစစ် ဒုရဲအုပ်တင်မောင်ထွန်းမှ အမှုမှန် ဖော်ထုတ်နိုင်ရေး အတွက်လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
       
ပေါ် ဦး(နတ်မောက်)

by Myanmar News Now