Home » » စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများအား မူဆယ်မှာ ဖျက်ဆီး

စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများအား မူဆယ်မှာ ဖျက်ဆီး

Written By Unknown on Saturday, August 3, 2013 | 10:05 AM

(၂.၈.၂ဝ၁၃) ရက်နေ့  နံနက် (ဝ၉းဝဝ)နာရီ အချိန်ခန့် တွင် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မှာ တရုတ်နိုင်ငံ ဘက်မှ တင်သွင်းလာသည့် စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကို မူဆယ် အကောက်ခွန် ဦးစီးဌာနမှ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။

မူဆယ်မြို့  လေယာဉ်ကွင်းလမ်းဘေး တစ်နေရာတွင် အကောက်ခွန်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ခရိုင်အုပ်ချုပ်ရေး အဖွဲ့ တို့ မှ တရားမဝင် တင်သွင်းလာသည့် တားဆီး၊ ဖမ်းဆီးပစ္စည်းများတွင်ပါသော စားသုံးရန် မသင့်သည့် ကုန်ပစ္စည်း စုစုပေါင်း (၁၈၅)သိန်းခန့် တန်ဖိုးရှိ ပစ္စည်းများအား မီးရှို့ ခြင်း မြေတွင်းထဲသို့  သွန်ပစ်ခြင်းဖြင့် ထိရောက်စွာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများတွင် တရုတ်နိုင်ငံလုပ် ဘီယာပုလင်းများ၊ လူများကိုဆိုးကျိုးပေးသော ခြင်ဆေးခွေများ၊ လောင်းကစားကို အားပေးသော ဖဲချပ်ထုပ်များ၊ သောက်သုံးရန် မသင့်သည့် အချိုရည်များ အများဆုံး ပါဝင်ကြောင်း သတင်းရရှိပါသည်။

စွမ်းသူလင်း

by Myanmar News Now