Home » » ယာဉ်ရပ်နားခ ပိုမို ကောက်ခံ၍ ခံဝန်လက်မှတ် ရေးထိုးရ

ယာဉ်ရပ်နားခ ပိုမို ကောက်ခံ၍ ခံဝန်လက်မှတ် ရေးထိုးရ

Written By Unknown on Tuesday, August 27, 2013 | 1:58 PM

မန္တလေး၊ သြဂုတ် ၂၆

မန္တလေးမြို့တော်တွင် ယာဉ်ရပ်နား ကန့်သတ်နယ်မြေ ၆ နေရာ သတ်မှတ် ထားရာတွင် သတ်မှတ် နှုန်းထားထက် ပိုမို ကောက်ခံခဲ့သည့် နေရာ ၄ နေရာမှ လေလံ လုပ်သားများအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက ခေါ်ယူ၍ ပထမအကြိမ် ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းခဲ့သည်။

အဆိုပါ ၄နေရာသည် သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုကောက်ခံခြင်း၊ သတ်မှတ်ထားသော တူညီဝတ်စုံ ၀တ်ဆင်ခြင်း မရှိခြင်း၊ သတ်မှတ်နှုန်းထားများအား အများပြည်သူ မြင်သာစေရန် ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်းမရှိ သော လမ်း ၃၀၊ ၇၄ လမ်းနှင့် ၇၈ လမ်းကြား၊ လမ်း၈၀၊ ၂၇ လမ်းနှင့် လမ်း ၃၀ ကြား၊ ၈၃ လမ်း၊ ၂၆ လမ်းနှင့် လမ်း ၃၀ ကြား၊ ၈၂ လမ်း၊ ၂၆ လမ်းနှင့် လမ်း ၃၀ ကြားတို့ ဖြစ်သည်။

ယာဉ်ရပ်နား ကန့်သတ်နေရာများတွင် ရပ်နားချိန် တစ်နာရီအတွင်း စက်ဘီး၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၊ မော်တော်ယာဉ် တစ်စီးလျှင် ကျပ် ၁၀၀၊ တစ်နာရီ ကျော်ပါက စက်ဘီး၊ ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၁၀၀ နှင့် မော်တော်ယာဉ် တစ်စီးလျှင် ကျပ် ၂၀၀ နှုန်း သတ်မှတ်ထားခြင်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ် ၈၃ လမ်း နဂါးစာပေရှေ့ ဂျာနယ်ဝယ် ယူရန်အတွက် ၅ မိနစ် ဆိုင်ကယ် ရပ်နားရာတွင် ကျပ် ၁၀၀ တောင်းခံကြောင်း သံဃာတော်များ၊ ဌာနဆိုင်ရာ ယာဉ်များကိုလည်း ယာဉ်ရပ်နားခ အတင်း တောင်းခံကြောင်း အောင်နန်းအရှေ့ရပ်ကွက် ပြည်သူအချို့က ပြောသည်။

မောင်ပြည်သူ (မန္တလေး)

မြန်မာသံတော်ဆင့်