Home » » အခြေခံမြှင့်တင်ရေး မြန်မာသမ္မတ နဲ့ဂျပန်ဝန်ကြီးတို့ဆွေးနွေး

အခြေခံမြှင့်တင်ရေး မြန်မာသမ္မတ နဲ့ဂျပန်ဝန်ကြီးတို့ဆွေးနွေး

Written By Unknown on Wednesday, August 14, 2013 | 9:55 AM

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံက မြေယာ၊ အခြေခံအဆောက်အဦး၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီး Mr. Akihiro Ohta နဲ့ သမ္မတဦးသိန်စိန်တို့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး တိုးတက်မြှင့်တင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ သီလ၀ါ အထူးစီးပွားရေဇုန် စီမံကိန်းလုပ်ငန်း၊ လေယာဉ်ကွင်းနဲ့ မီးရထားဝန်ဆောင်မှု လုပ်ငန်းတွေ၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သဘာဝဘေးကာကွယ်ရေး လုပ်ငန်းတွေပါဝင်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကပဲ မန္တလေးနိုင်ငံတကာလေဆိပ်ကို ပြုပြင်မွန်းမံဖို့အတွက် ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Mitsubishi ကုမ္ပဏီ နဲ့ ဂျပန် လေကြောင်းလိုင်း ကုမ္ပဏီတို့က ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံပွဲအတွင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှာ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်လာမှာကို သိရတဲ့အတွက် ဝမ်းမြောက်မိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အားပေးခဲ့တာတွေ၊ ငွေကြေးနဲ့ နည်းပညာအကူအညီတွေအတွက် ကျေးဇူးတင်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်ကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ဘီလီယံ ၅၀ ကုန်ကျမှာဖြစ်ပြီးတော့ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီတို့ စတင်အကောင်အထည် ဖော်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ဂျပန်နိုင်ငံကို စီမံကိန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြပြီး အစပိုင်းမှာပါဝင်ဖို့ ဂျပန်နိုင်ငံကငြင်းဆိုခဲ့ပေမယ့် ခုအခါမှာ ပူးပေါင်းပါဝင်ဖို့ သဘောတူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ABC Radio Australia