Home » » ကလေးတွေ လိင်စော်ကားခံရပြီး လက်နက်ကိုင် အဖွဲ့ထဲ သွင်းခံနေရ

ကလေးတွေ လိင်စော်ကားခံရပြီး လက်နက်ကိုင် အဖွဲ့ထဲ သွင်းခံနေရ

Written By Unknown on Wednesday, August 14, 2013 | 10:16 AM

အာဖရိက အလယ်ပိုင်း သမ္မတ နိုင်ငံမှာ ကလေး အယောက် တသိန်းကျော် ခန့်ဟာ လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်ခံနေရပြီး လက်နက်ကိုင် အဖွဲ့တွေထဲ သိမ်းသွင်းခံ နေရတယ်လို့ Save the Children အဖွဲ့ကြီးက ပြောပါတယ်။

အခုနှစ် မတ်လတုန်းက သူပုန်တွေက အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက် ကလေးတွေဟာ ထွက်ပြေး နေရပြီး အဲဒီအထဲက အများစုဟာ အာဟာရ ခိျု့တဲ့မှုနဲ့ ငှက်ဖျား ရောဂါတွေ ခံစား နေရတယ်လို့ ဆိုပါတယ်။

တိုင်းပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု စံနစ် လုံးဝ ပျက်သုန်းသွားပြီး လူတွေဟာ ဆေးရုံက အိပ်ယာတွေကိုတောင် ခိုးယူနေကြတယ်လို့ ဘီဘီစီကို Save the Children အဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ဒီနေ့ ဗုဒ္ဒဟူးနေ့မှာ ကုလသမဂ လုံခြုံရေး ကောင်စီမှာ အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံ အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)