Home » » ရွှေ အပြင် မြသဘာဝဓာတ်ငွေ့စီမံကိန်းကပါ သဘာဝ ဓာတ်ငွေ့တွေ ထွက်ရှိ

ရွှေ အပြင် မြသဘာဝဓာတ်ငွေ့စီမံကိန်းကပါ သဘာဝ ဓာတ်ငွေ့တွေ ထွက်ရှိ

Written By Unknown on Friday, August 9, 2013 | 4:00 PM

မြန်မာနိုင်ငံ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya North ခေါ် အနောက်ဘက် မြ သဘာဝဓါတ်ငွေ့ လုပ်ကွက်ကနေ ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီလို့ တောင်ကိုရီးယား ဒေ၀ူးကော်ပိုရေးရှင်းက ပြောပါတယ်။

မြ သဘာဝဓါတ်ငွေ့ တွင်း (၄ )တွင်းကို မနှစ်က တူးခဲ့တာဖြစ်ပြီး စုစုပေါင်း တစ်ရက်ကို ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း (၁၂၀) ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ငန်းစု တူးဖေါ်မှုတွေဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အပြီးသတ်မှာဖြစ်ပါတယ်။ ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ငန်းစုကနေ စုစုပေါင်း တစ်ရက်ကို ဓါတ်ငွေ့ ပမာဏကုဗပေ သန်းပေါင်း (၅၀၀) ထုတ်လုပ်နိုင်မယ်လို့ ဒေ၀ူး ကော်ပိုရေးရှင်းက ဆိုပါတယ်။

ရွှေ စီမံကိန်းက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ပိုက်လိုင်းက တစ်ဆင့် ၀ယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရွှေ၊ ရွှေဖြူ နဲ့  မြ သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေမှာ ဓာတ်ငွေ့သယံဇာတ ပမာဏစုစုပေါင်းကုဗပပေ ကုဋေပေါင်း လေးသောင်းခွဲံ လောက်ရှိမယ်လို့ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ခန့်မှန်းထားပါတယ်။

ရွှေ ဓာတ်ငွေ့ စီမံကိန်းမှာ ဒေ၀ူး က ၅၁ ရာနှုန်း၊ အိန္ဒိယ ရေနံ နဲ့ ဓာတ်ငွေ့ ကုမ္ပဏီ ONGC က ၁၇ ရာနှုန်း၊ မြန်မာ့ ရေနံ နဲ့ ဓာတ်ငွေ့ကော်ပိုရေးရှင်းက ၁၅ ရာနှုန်း၊ အိန္ဒိယ GAIL နဲ့ ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်း တို့က ၈.၅ ရာနှုန်းစီ အသီးသီး မြှုပ်နှံထားကြပါတယ်။

RFA Burmese