Home » » ချင်းတောင်တွင် မိုးအဆက်မပြတ် ရွာမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုဖြစ်

ချင်းတောင်တွင် မိုးအဆက်မပြတ် ရွာမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုဖြစ်

Written By Unknown on Friday, August 9, 2013 | 3:57 PM

ချင်းတောင် ဒေသ ဖလမ်း၊ ဟားခါး၊ တီးတိန် မြို့နယ်များနှင့် ဆက်သွယ်သွား လာရသည့် ကားလမ်းတစ်လျှောက် တွင် မိုးအဆက်မပြတ်ရွာသဖြင့် တောင်ပြိုလမ်းပိတ်မှုများ မကြာ ခဏဖြစ်ပေါ်လျက်ရှိကြောင်း သိ ရသည်။

ယခုရက်ပိုင်း ချင်းတောင် တောင်ပြိုကျသည့်နေရာများမှာ ကလေးမြို့နှင့် မိုင်၃ဝဝေးသော သိုင်းငင်းထမင်းစားစခန်းရွာ အ ကြား ကားလမ်းနေရာတွင်လည်း ကောင်း၊ ကလေး-ဖလမ်း-ဟား ခါးကားလမ်းတွင် လုမ်းဘမ်ရွာ ဝန်းကျင်၊ ဇာမွေရွာဝန်းကျင်နှင့် ရမ်ထလိုရွာ၊ ချွန်ကြုံးရွာဝန်းကျင်၊ ကလေး-တီးတိန်လမ်းတွင် အာ လွယ်ရွာဝန်းကျင်၊ ဆိုဇန်ရွာဝန်း ကျင်နှင့် ရိဒ်လမ်းတွင် လင်တန်ရွာ၊ ဟိုင်မွလ်ရွာဝန်းကျင်တို့တွင် တောင် ပြိုလမ်းပျက်မှုများရှိကြောင်း သိ ရသည်။

''ချင်းတောင်ပေါ်မှာ တောင် ပြိုလမ်းပိတ်တယ်ဆိုတာ တောင် ပေါ်ကမြေကြီးတွေ ချောင်းရေ စီးသလိုပြိုဆင်းလာတာ။ ချက်ချင်း ပြုပြင်လို့မရဘူး။ နီးစပ်ရာစက် ယန္တရားနဲ့ ဖယ်မယ်ဆိုရင်တောင် အနည်းဆုံး လေးငါးနာရီလောက် စောင့်ရတယ်။ အခုတော့ လမ်း ပြိုကျတတ်တဲ့နေရာတွေမှာ ဘက် ဖိုးကားကြီးတွေ ရှိနေတတ်တာ ကြောင့် ဟိုတုန်းကလို ညအိပ်စောင့် ရတာမျိုးတော့ မတွေ့ရပါဘူး'' ဟု ကလေး-ဟားခါးသွား ယာဉ် မောင်း ဦးဟန်ဝင်းအောင်က ပြော သည်။

ချင်းတောင်ပေါ်လမ်းများ သည် အောက်ခံမြေသားခိုင်မာမှု မရှိသည့်အပြင် တောင်ကမ်းပါးကို ကပ်လှီးဖောက်လုပ်ထားရသည့် လမ်းဖြစ်သည့်အတွက် ရာသီမရွေး မြေပြိုကျမှုရှိသည်။ အထူးသဖြင့် မိုးအဆက်မပြတ်ရွာနေသည့် ယခု လိုရာသီတွင် တောင်ပြိုလမ်းပျက် မှုကို နေရာတိုင်းတွင်တွေ့ရကြောင်း သိရသည်။

ပန်သစ္စာ၊ တီးတိန် ၊ သြဂုတ်(၈) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group