Home » » မော်လမြိုင်ကျွန်း မြို့နယ်တွင် သွားလာလှုပ်ရှားလျက် ရှိသော မိကျောင်း သုံးကောင်ကို ဖမ်းယူ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်

မော်လမြိုင်ကျွန်း မြို့နယ်တွင် သွားလာလှုပ်ရှားလျက် ရှိသော မိကျောင်း သုံးကောင်ကို ဖမ်းယူ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်

Written By Unknown on Friday, August 9, 2013 | 4:04 PM

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အောက်ဘက် ရှောက်ချောင်းကျေးရွာ အုပ်စု ရေချို ရေငန်စပ်သော ဆင်မဝဲချောင်း ကျေးရွာအနီး ဆန်းသစ်ကျေးရွာ ချောင်းကမ်းစပ်၌ ယမန်နေ့ နံနက် ၉နာရီက မိကျောင်းသုံးကောင် သွားလာလှုပ်ရှား နေကြောင်း ဒေသခံ ပြည်သူ များနှင့် ရေလုပ်သားများက တွေ့ မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိကျောင်း သုံးကောင်မှာ အလျား ၁၃ ပေကျော်ခန့် ရှိတစ်ကောင်နှင့် အလျား ၉ပေခန့်ရှိ မိကျောင်းနှစ်ကောင် ဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။

ယင်းမိကျောင်းများမှာ ဆင်မဝဲချောင်း၊ ဆန်းသစ်၊ ပုဂံပုံ၊ ဖုန်းဆိုးနှင့် ငါးတန်တစ်ရာ ကျေးရွာများတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သွားလာလှုပ်ရှားနေပြီး ဒေသခံ ပြည်သူများနှင့် ရေလုပ်သား များအား အန္တရာယ်မပြု သော်လည်း ကျေးရွာချောင်းကမ်းစပ်များရှိ ကြက်၊ ဘဲနှင့် က်များကို ဆွဲယူ စားသောက် နေသည်ဟု သိရသည်။

အဆိုပါ မိကျောင်းများ ခိုလှုံနေထိုင်သည့် ဆင်မဝဲချောင်း ဆန်းသစ်ကျေးရွာ နေသူများက ''ဒီမိကျောင်း တွေက မနှစ်က မိကျောင်းအသိုက် လုပ်ပြီး ဒီရွာတွေ ဘက်မှာ ခိုလှုံ နေထိုင်ကြ ပါတယ်။ ဒီနှစ်တော့ အသိုက်လုပ်တာ မတွေ့ရ တော့ပါဘူး။ လူတွေကို လောလောဆယ် အန္တရာယ် မပြု သေးပေမယ့် ရေကြောင်း ခရီးသွားလာ လှုပ်ရှားနေတဲ့ ဒေသခံ ပြည်သူတွေနဲ့ ရေလုပ်သားတွေ ကတော့ သတိထားဖို့ လိုနေပါပြီ၊ မိကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းများက ဖမ်းယူထိန်း သိမ်းပေးရန် လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ