Home » » ဘင်္ဂါလီဒုက္ခသည်များ အမိုးအကာအောက်ရောက်ရှိရေး ကျပ်သန်းငါးထောင်နီးပါး အကုန်အကျခံထား

ဘင်္ဂါလီဒုက္ခသည်များ အမိုးအကာအောက်ရောက်ရှိရေး ကျပ်သန်းငါးထောင်နီးပါး အကုန်အကျခံထား

Written By Unknown on Saturday, July 20, 2013 | 4:18 PM

ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ မှ ဘင်္ဂါလီဒုက္ခသည်မိသားစုများအား မိုးမကျမီ အမိုး အကာအောက်ရောက်ရှိစေရန် အတွက် ငွေကျပ် သန်းပေါင်း ၄၉၄၅ သန်း အကုန်အကျခံထားကြောင်း နိုင်ငံတော် သမ္မတက ဇူလိုင် ၁၅ ရက်နေ့တွင် ကျင်းပ သော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ရာတွင် ပါရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ ဒုက္ခသည် မိသားစုများအား မိုးမကျမီ အမိုး အကာ အောက်ရောက်ရှိစေရန် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရှစ်ခန်းတွဲတန်း လျား ၉၈၉ လုံး ဆောက်လုပ်ခြင်းအတွက် သုံးစွဲငွေ ကျပ်သန်းပေါင်း ၄၉၅ဝ ဒသမ ဝဝဝ နှင့် ရခိုင်ပြည်နယ်အတွင်း လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန။

စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အတွက် ငွေကျပ်သန်းပေါင်း ၁၅၅ဝ ဒသမ ၄၇၈ သန်း သုံးစွဲကုန်ကျခဲ့ေ ကြာင်း သိရသည်။

ယင်းသုံးစွဲငွေများသည် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် သုံးစွဲငွေ ဘီလျံ ၁ဝဝ မှ ကျခံသုံးစွဲ ခြင်းဖြစ်ပြီး ယင်းသုံးငွေများကို ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုမှတ်တမ်း တင်ရန် ပေးပို့ခဲ့ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီမှ ဦးမောင်တိုး က ပြောသည်။

”အရေးပေါ် ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ် တွေအတွက် သမ္မတသုံးဖို့ သီးခြားရန်ပုံငွေထဲက ရှိတာကိုသုံးစွဲတာပါ။ ဒါကို ပြည်ထောင်စုက အတည် ပြုပေးတဲ့သဘောပါ”ဟု ¤င်းက ပြောသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာန မှ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်နေသော မြန်မာ ကျောင်းသားများအတွက် မဖြစ်မနေထောက် ပံ့ကြေး အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၅၁၇ ဒသမ ၅၂၃ နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်း တိုင်းဒေ သကြီးကန့်ဘလူ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဆေးရုံသုံးရုံ ပြန်လည် တည်ဆောက်ရာတွင် ကျပ်သန်းပေါင်း ၇၅ဝ ဒသမ ဝဝဝ သန်း ကုန်ကျခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ သီးခြားရန်ပုံငွေမှ ကျခံသုံးစွဲငွေ စုစုပေါင်းမှာ ၇၇၆၃ဒသမ ဝဝ၁သန်းဖြစ်ပြီး ယင်းသုံးစွဲငွေများအား ၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေမှပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)နှင့်ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (ဂ)တို့၏ ပြဋ္ဌာန်းချက်များအရ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ထက်(NYK)၊ စိုင်းနောင်

Popular Myanmar News Journal