Home » » ဟိုတယ်ခ ဈေးကြီးခြင်းကြောင့် ဧည့်အဝင်ကျနိုင်

ဟိုတယ်ခ ဈေးကြီးခြင်းကြောင့် ဧည့်အဝင်ကျနိုင်

Written By Unknown on Friday, July 5, 2013 | 4:59 PM

ဟိုတယ်ခ ကြီးမြင့်ခြင်းကြောင့် ခရီးသွား ဧည့် အဝင်နှုန်း ကျဆင်းသွားနိုင်ကြောင်း Dream Palace ခရီးသွား ကုမ္ပဏီမှ ဦးစိုးလွင်က ပြောသည်။

”ဈေးတက် သလောက် ဆားဗစ်ကလည်း တန်ရာ တန်ရာ မရဘူး။ အဲဒီတော့ ငါတို့မလာကြ တော့ဘူးတဲ့။ အဲဒီလိုတွေ ဖြစ်ကုန်ပြီ”ဟု နိုင်ငံခြား ဧည့်များက ခရီးသွား ကုမ္ပဏီများသို့ Complaint တက်ကြောင်း ၄င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ စက် တင်ဘာတွင် စတင် ဝင်ရောက်လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာတွင် ဆီးဂိမ်း စတင်မည်ဖြစ်သောကြောင့် ခရီးသွား အဝင် ပိုမို များပြား လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ ခန့်မှန်း ထားကြသော်လည်း အိမ်နီး ချင်းနိုင်ငံ များထက် ဟိုတယ် အခန်းခနှုန်းများ ဆက်လက် မြင့်မားနေသဖြင့် ခရီး သွားနှုန်းမှာ နှစ်သန်းပင် မပြည့်နိုင်တော့ကြောင်း ၄င်းကသုံးသပ်သည်။
”ဒီအတိုင်းဆို ဧည့်သည်တွေ နည်းသွားမယ်။ လာချင်ရက် နဲ့ကို အများကြီး နည်းသွားမယ်”ဟု ဦးစိုးလွင်က ပြောသည်။

လက်ရှိတွင် ဟိုတယ် အခန်းခများမှာ ယခင် ထက် ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာ လျက်ရှိပြီး ခရီးသွား ကုမ္ပဏီများနှင့် အခန်း စာချုပ်ချုပ် ဆိုရာတွင် ခရီးသည် အမှန် တကယ် တည်းခိုခြင်း ရှိ မရှိကို တစ်လခွဲ ကြိုတင်၍ အကြောင်းကြားရမည် ဆိုခြင်းမှာ ခရီးသွား လုပ်ငန်းရှင်များ အတွက် အခက်အခဲဖြစ် လျက်ရှိကြောင်း သိရ သည်။
ယခင်နှစ် ခရီးသွားရာသီ မစတင်ချိန်တွင် နိုင်ငံခြား ဧည့်လာရောက်ရန် ကြိုတင်ချိတ်ထား ခြင်းမှာ သုံးရာ ဝန်းကျင်ခန့်ရှိသော်လည်း ယခုနှစ် တွင် ၃ဝ ခန့်သာ ချိတ်ဆက် ထားကြောင်း ဦးစိုးလွင် ကပြောသည်။

”တချို့ဆို သူတို့ကြိုက်တဲ့ဈေး နဲ့ ရောင်းတယ်။ သူတို့ စည်းကမ်းချက်တွေ ချည်းပဲ။ သူတို့ပဲ တင်းကျပ် သူတို့သဘောပဲ။ ခရီးသွား ကုမ္ပဏီတွေက သေတာ ပဲ”ဟု ၄င်းက ရှင်းပြသည်။
ဟိုတယ် အခန်းခနှုန်းထားများမှာ ယခင်က ကန်ဒေါ်လာ ၃ဝ ခန့်ရှိသော ဟိုတယ်ခန်း တစ်ခန်း လျှင် ယခု ကန်ဒေါ်လာ ၁ဝဝ ကျော် ခန့်ရှိကြောင်း သိရသည်။

ခိုင်နွယ်ဦး

Popular Myanmar News Journal