Home » » ရန်ကုန်-မန်း ရထားလမ်းပိုင်းပြုပြင်ရေး ဂျပန် နည်းလမ်းပေးကူမည်

ရန်ကုန်-မန်း ရထားလမ်းပိုင်းပြုပြင်ရေး ဂျပန် နည်းလမ်းပေးကူမည်

Written By Unknown on Friday, July 5, 2013 | 4:54 PM

ရန်ကုန်-မန္တလေး လမ်းပိုင်းအ တွင်း မီးရထား မတော်တဆမှုနှင့် ဝန် ဆောင်မှု ပိုင်း တိုးတက်စေရေး အတွက် JICA ဦးဆောင်သော ဂျပန် ကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ မီးရထား ပူးပေါင်းဆောင် ရွက်မည်ဟု သိရသည်။
”ရန်ကုန်- ပဲခူးကြားမှာ ကီလိုမီတာ ၂ဝ လောက် ရှိတဲ့ စံပြနေရာ တစ်ခု ရွေး ပြီး ဂျပန်အဖွဲ့က လမ်းပိုင်း ပြင်ဆင်မှုကို စတင် ဆောင်ရွက်ပေးမှာပါ” ဟု မြန် မာ့ မီးရထားမှ လက်ထောက် အထွေ ထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

ဂျပန် အဖွဲ့မှ စံပြလုပ်ကွက် အတွင်း လုပ်ငန်း ဆောင်ရွက်ပေးရင်းဖြင့် သင်ကြား ပြသမှုကိုလည်း တစ်ပါတည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ကျန် အပိုင်းများ ကို မြန်မာ့ မီးရထားက ဆက် လက် အကောင်အထည် ဖော်သွားမည် ဟု သိရသည်။

စံပြနေရာတွင် လမ်းပိုင်း ပြင်ဆင် မှုအတွက် ဂျပန်မှ နည်းပညာ အပြင် ပညာရှင် များ၏ အကူအညီများ၊ လိုအပ်သည့် စက်ကိရိယာများ ကူညီမည် ဖြစ် ကာ မြန်မာ့ မီးရထားမှ တာဝန်ရှိသူ များကိုလည်း ဂျပန်နိုင်ငံသို့ သွားရောက် လေ့လာ ဆည်းပူးနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အထက်ပါ အရာ ရှိထံမှ သိရသည်။

စံပြလုပ်ကွက် ရွေးချယ်မည့် ရန် ကုန်-ပဲခူး လမ်းပိုင်းမှာ စုစုပေါင်းအရှည် ၇၄ ဒသမ ၈ ကီလိုမီတာရှိပြီး ယင်းထဲ မှ လမ်းပိုင်း အဆိုးရွားဆုံး နေရာအား ဂျပန် အဖွဲ့မှ လေ့လာ၍ ကီလိုမီတာ ၂ဝ ပြုပြင် ဆောင်ရွက် ပေးသွားမည် ဖြစ် ကြောင်း ၄င်းက ပြောသည်။
ရန်ကုန်- မန္တလေး လမ်းပိုင်း မီးရ ထား မတော်တဆမှုနှင့် ဝန်ဆောင်မှု တိုးတက်စေရေး စီမံကိန်းကို ဇွန် ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီး စီမံကိန်း ပြီးဆုံး ကာလကို ဂျပန်က ၂ဝ၁၅ ဟု လျာထား ကြောင်း ၄င်းကပြောသည်။

”၂ဝ၁၅ ဧပြီထိ မှန်းထားတာ။ အဲ ဒီလောက် ဖြစ်ချင်မှ ဖြစ်မှာ။ ကျွန်တော် တို့က အဲဒီလောက်ထိ မဖြစ်ချင်ဘူး။ မြန်ချင်တယ်။ ကျွန်တော်တို့ အားထည့် ရင် စီမံကိန်း ပြီးတဲ့ကာလ တိုချင်တို သွားမှာပေါ့” ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

ဝန်ဆောင်မှု ပိုင်းတွင် သတ်မှတ် ချိန်အတွင်း ရထား စီးနင်းသူများ အန္တ ရာယ်ကင်းရှင်းစွာ စီးနင်းနိုင်ရန် လက် မှတ် ဝယ်ယူရာ၌ လွယ်ကူ အဆင်ပြေစေ ရန် စသည့် အချက်များ ပါဝင်သည်ဟု ၄င်းက ပြောသည်။

ဝေမာထွန်း

Popular Myanmar News Journal