Home » » ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက် စတင်ဖွင့်လှစ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက် စတင်ဖွင့်လှစ်

Written By Unknown on Saturday, July 27, 2013 | 3:58 PM

ကော့မှူး ။ ဇူလိုင် ၂၇

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲနှင့် ကော့မှူးမြို့နယ်ဗဟိုစာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စာကြည့်တိုက် တည်ရှိရာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် အဆိုပါ ရွေ့လျားစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော Society for Support Burma အဖွဲ့မှ မစ်နာဘူရှိမီယာရှီတာ က စာကြည့်တိုက်ဖြ စ်မြောက်ရေးအတွက် စတင်ခဲ့မှုအကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ် သည့် ရွေ့လျား စာကြည့်တိုက်ဖြစ်ပြီး စာအုပ်ပေါင်း ၁၅၀၀၀ နှင့် စာနယ်ဇင်းများထားရှိပေး ထားကာ ရွေ့ လျားဘတ်စ်ကားဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာ ထိသွားရောက် ကာအခမဲ့စာအုပ်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal