Home » » ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းချော်ပြီး တံတားတိုင်တိုက်မိရာမှ (၂)ဦးသေဆုံး (၃)ဦးဒဏ်ရာရ

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းချော်ပြီး တံတားတိုင်တိုက်မိရာမှ (၂)ဦးသေဆုံး (၃)ဦးဒဏ်ရာရ

Written By Unknown on Saturday, July 27, 2013 | 3:48 PM

ရန်ကုန်၊ ဇူလိုင် ၂၇

၂၆.၇.၂၀၁၃ ရက်နေ့ ၁၉၅၅ အချိန် ထန်းတပင်မြို့နယ်၊ကြည်စုရွာ၊ ရန်ကုန်-ညောင်တုန်းလမ်း မိုင်တိုင်အမှတ် ၁၁/၅ တွင် ရန်ကုန်မှ ညောင်တုန်းဘက်သို့ ယာဉ်မောင်း မြတ်ကျော်ဇင်(ဘ)ဦးမြင့်စိန် လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသည့် ၈ဏ/----- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည်လမ်းချော်၍ တံတားကွန်ကရစ်တိုင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ဖြစ်သည့် ဦးရဲညွန့်မောင် နှင့် ဦးမြင့်စိန် တို့မှာနောက်စေ့ ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဦးကုဏ္ဏရပါသံဃာ(၂)ပါးမှာ ဖူးယောင်နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်းရ) များအဖြစ် လည်းကောင်း၊ လမ်းဘေးတွင် လမ်းလျောက်နေသူ ကြည်စုရွာနေ ကိုဖိုးထွေး တွင်နာကျင် ဖူးယောင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်လည်းကောင်း အသီးသီး ဆေးကုသမှု ခံယူလျက်ရှိပါသည်။

ယာဉ်မောင်းဖြစ်သူ မြတ်ကျော်ဇင်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား သဖြင့် တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၃ ၊ ပုဒ်မ ၃၃၇/၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူထားရှိကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police